Ephemeral Touch Ch-2

468 78 0
                                    

Unicode

(zawgyi below)

Jungwoo's POV

ကျွန်တော်ခြေချလိုက်တိုင်းတကျွတ်ကျွတ်မြည်သွားတဲ့မြေပြင်ပေါ်ကသစ်ရွက်ခြောက်တွေကညိုမည်းလို့နေတယ်

တစ်ယောက်တည်းတောထဲကိုအရဲစွန့်လာရတာဟာသိပ်ကိုကြောက်လန့်စရာကောင်းတယ်

​မြေပြင်ပေါ်မှာကျနေတဲ့သစ်ရွက်ခြောက်တွေကြားထဲ အပိုင်းအစမျှသာရှိတဲ့သစ်ကိုင်းတွေကိုကျွန်တော်လိုက်ကောက်ရင်းပါလာတဲ့အိတ်ထဲကိုထည့်နေရတယ် သို့သော် အချိန်အတော်ကြာတဲ့အထိ အိတ်ကတစ်ဝက်မရသေး

တစ်ဝက်ရတယ်ဆိုတာထက်ပိုပြီးတိကျအောင်ပြောရရင် မီးပုံပွဲအတွက်ဘာမှမရသေးတဲ့အရေအတွက်ပဲဖြစ်နေတယ်

ကျွန်တော်ကြည့်နေတဲ့ တောထဲကအရာအားလုံးဟာသိပ်နက်ရှိုင်းလွန်းတယ်

စိမ်းစိုနေတဲ့မြက်ပင်တွေနဲ့ညိုမည်းနေတဲ့သစ်ရွက်ခြောက်တွေကမြေပြင်ပေါ်မှာအပြည့်။ လေတိုက်လို့မိုးကြီးလို့မြေခရတဲ့သစ်ကိုင်းခြောက်တစ်ချို့လည်းပါလို့နေတယ် စိမ့်အေးနေတဲ့လေစိမ်းတွေကသစ်တောထဲမှာကျင်လည်နေတယ် သစ်ပင်တွေရဲ့အားအင်ဟာ လေတိုင်းကိုအေးစိမ့်နေတဲ့အထိပြောင်းလဲထားတယ် လေတိုက်တိုင်းအချင်းချင်းပွတ်တိုက်သွားတဲ့သစ်ရွက်နဲ့သစ်ပင်အကိုင်းတွေက ခြောက်ခြားစရာကောင်းတဲ့အသံတွေမြည်နေစေခဲ့တယ်

ကျွန်တော်မြင်နေကျသစ်ပင်ငယ်လေးတွေမဟုတ်တော့ဘဲ မှိုင်းညို့ညို့ကြောက်စရာကောင်းတဲ့သစ်ပင်ကြီးတွေပဲရှိတဲ့ တောထဲမှာတော့ မလှပစွာနဲ့ မြက်ပင်တွေကြားထဲတစ်ပွင့်တည်းရဲရဲဝံ့ဝံ့ပွင့်နေတဲ့ပန်းတစ်ချို့လည်းရှိနေသေးတယ်

ကျွန်တော်ခြေလှမ်းအတော်များများကိုလှမ်းပြီးတိုင်းမှာ လက်ထဲကသံလိုက်ကိုပြန်ပြန်ကြည့်မိတယ်

အရှေ့တောင်ဘက်ကနေတဖြည်းဖြည်းရွေ့လာတဲ့သံလိုက်မြားလေးဟာအခုတော့အရှေ့မြောက်ဘက်ကိုညွှန်ပြရင်းတလှုပ်လှုပ်နဲ့နေသားကျနေတယ်

ကျွန်တော့်ရဲ့အမြင်အာရုံထဲမှာရှိနေတဲ့အရာအားလုံးဟာတဖြည်းဖြည်းနဲ့လင်းအားဖျော့လာတာကိုကျွန်တော်သတိထားမိတယ်  လက်ထဲမှာကိုင်ထားတဲ့အိတ်ရဲ့ ၃ပုံ၁ပုံသာရသေးတဲ့သစ်ကိုင်းခြောက်တွေကိုကျွန်တော်အားမလိုအားမရနဲ့ကြည့်လိုက်ပြီးတော့ပေါ့

Ephemeral TouchWhere stories live. Discover now