Ephemeral Touch Ch-10

299 46 0
                                    




Unicode

(zawgyi below)


Lucas' POV

ပြင်းရှရှအဆိပ်ရည်ပေါ်မှာပျားရည်လောင်းထားသလိုမျိုး....

ကျွန်တော်ပြန်စဉ်းစားမိတယ်

Jungwoo ပြောတာမှန်နေမလားလို့ပေါ့

အမှန်တရားကိုခြေရာပြန်ကောက်ကြည့်တဲ့အခါမှာ ပြန်နှုတ်ယူမရတဲ့ခြေရာတွေမှာ ဆင်ခြင်ဉာဏ်မရှိခဲ့တာတွေကိုကျွန်တော်ပြန်မြင်နေရတယ်

အဖေအမေမရှိတော့တဲ့အခါမှာ အစာဖမ်းဖို့ခက်ခဲတာကြောင့် ကျွန်တော်ကိုယ်တိုင်ခြံဝင်းထဲမှာပဲအဆိပ်ပင်တွေစိုက်ခဲ့တယ်

မြို့ခံတစ်ချို့က ကျွန်တော့်အဖေအမေမရှိတော့ဘူးဆိုတဲ့အမှန်တရားအပြင် ဒီအိမ်တော်ရဲ့အမွေဆက်ခံသူကပါပျောက်ဆုံးနေတယ်ဆိုတဲ့ကိစ္စကိုနှုတ်ပြောစကားနဲ့ပျံ့နှံ့စေခဲ့ပြီး အမှန်တရားအဖြစ်သတ်မှတ်ခဲ့ကြတယ်

ဒါ့ကြောင့် ခြံဝင်းထဲကအရွက်တွေကိုလာခူးတဲ့အခါ ကျွန်တော့်ရဲ့အဆိပ်ပင်ကအရွက်ကိုပါရောခူးမိကြတယ် စားမိကြတယ်

အဆိပ်မိသွားတဲ့လူသားတစ်ယောက်ဟာ ၃ မိနစ်အတွင်းမေ့လဲစေတယ် နောက်ထပ် ၁၅ မိနစ်မှာအသက်ဆုံးရှုံးရတယ်

အဆိပ်ပြီးသောကျွန်တော်တို့လိုမိစ္ဆာတွေကတော့ အဆိပ်မိလို့မေ့လဲဲသွားကြတဲ့လူသားတွေကိုအလွယ်တကူအိမ်တော်ထဲသွင်းပြီး သက်သက်သာသာစားသောက်ကြတယ်

ကျွန်တော်ဟာ ကျွန်တော်ကိုယ်တိုင်စိုက်တဲ့အဆိပ်ပင်ရဲ့အဆိပ်ကြောင့်သေမင်းဆီသွားရတော့မယ့်ဆဲဆဲလူတွေကိုဘယ်တော့အခါမှမကယ်ခဲ့ဘူး ကိုယ့်အတွက်မျှားခေါ်ပါတယ်ဆိုမှကျွန်တော်ပြန်ကယ်ပြီးဘာလုပ်မှာလဲ ထိုက်တန်တဲ့အဖိုးအခကိုလည်းဘယ်သူ့ကိုမှကျွန်တော်မပေးခဲ့ဘူး

အဆိပ်ပင်ကိုစိုက်ရတဲ့ရည်ရွယ်ချက်ဟာ စားသုံးသူကိုသေစေဖို့ပဲဖြစ်တာကြောင့် ကျွန်တော်ပြန်ကယ် င်ထိုက်တန်တဲ့အဖိုးအခကိုမဖြစ်မနေပြန်ကိုပေးရတယ် ဒါဟာအသက်ချင်းလဲမှုပဲဖြစ်တယ် သူ့အသက်ကိုကျွန်တော်ကယ်တဲ့အတွက်ကျွန်တော့်အသက်ကိုသူ့ကိုပေးရတယ်

Ephemeral TouchWhere stories live. Discover now