[Zawgyi font will follow after Unicode font]
❌❌❌UNICODE❌❌❌
"ဟော နှောင်းမ ပါလား ရှိန်းဆီအလည်လာတာလား။"
"ဟုတ်တယ် ကိုဧရာ အမှန်ကတော့ အန်တီပြန်ရောက်နေတယ်ဆိုလို့ အန်တီ့ဆီ လာတာ။'
"ရှိန်းက အပေါ်မှာ အခန်းရှင်းနေတာ ခနနေဆင်းလာပါလိမ့်မယ်။"
"ဒါနဲ့ အန်တီရော။ "
"အဒေါ့်အခန်းထဲမှာ သူလဲခနနေဆင်းလာပါလိမ့်မယ်။
ဧည့်ခန်းထဲက ထိုင်စောင့်လေ။"ဧရာက မိမိအချစ်ကိုငြင်းထားသော မေသံသာနှောင်းကို မူမပျက် နှုတ်ဆက်နေစမြဲ။ မေသံသာနှောင်းကသာ မျက်နှာပူမိလေသည်။
"ဟုတ် "
"နှောင်းမ အသီးစားလေ ။ ခုနကမှ ဧည့်သည်ပြန်သွားလို့ ခွဲထားတာ။"
"ဟင် ဘယ်သူလဲ။"
"သော်ထက်လေ။ အမေက သော်ထက်ကို ထမင်းခေါ်ကျွေးတာ။"
"awww ကိုသော်ထက်က တအိမ်လုံးနဲ့ ရင်းနှီးတာပေါ့နော်။"
"ommပေါ့။""နှောင်းမလဲ ကိုယ့်အပေါ် ခံစားချက်မရှိတဲ့သူကို စောင့်မနေပါနဲ့တော့။"
"ဟင် ကိုဧရာ ဘာကိုပြောတာလဲ။"
"နှောင်းမ ခံစားနေရတာတွေကို အစ်ကိုသိထားတယ်။ အဲ့တာကြောင့် ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ပါဦးလို့။""awwအစ်ကိုတောင် သိထားတာပဲ။ ချစ်မိတော့လဲ ခံစားရတာပေါ့ အစ်ကိုရာ။
စကားမစပ် သော်ထက်နဲ့ ရှိန်းနဲ့ ဘာတွေဖြစ်ထားကြလဲဆိုတာ သိလား။
အစ်ကို့မျက်လုံးထဲ တမျိုးဖြစ်နေလို့။"*IN MTTH's Mind*
ကိုသော်ထက်က ရှိန်းအိမ်ရောက်ချလာပြီး ဘာတွေ သံသယဖြစ်စရာကောင်းအောင် နေသွားလဲမသိ။ ကိုဧရာတောင် ရိပ်မိတော့မှာပဲ။ ကိုဧရာဆိုရင်တော့ သူတို့ကို သေချာပေါက် တွန်းပို့ပေးမှာ။ ငါအခုပဲ ဖြစ်ဖြစ်ပြောပြလိုက်ရမလား။ တော်ပါပြီ မပြောသေးပါဘူး။ ရှိန်းကလဲ ငါ့အတွက် စိတ်ထိန်းနေရှာတာ။ ပြောလိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်ကို ငါမရင်ဆိုင်ချင်သေးဘူး။ ငါ အကုန်လုံးကို လက်ခံဖို့ အသင့်မဖြစ်သေးဘူး။ သူငယ်ချင်း တစ်ယောက်အပေါ် မလုပ်သင့်ဘူးဆိုတာ သိနေပေမယ့် မျှော်လင့်ချက်တွေကို ရိုက်ချိုးဖို့ အင်အားမရှိသေးဘူး။
"နှောင်းမ ကိုယ်မေးနေတယ်လေ။ ကိုယ်သေချာပြန်မေးမယ်။ သော်ထက်နဲ့ ရှိန်းက မေတ္တာမျှနေကြတာလား။"
"ဟင်။"
