Ep-33

1.2K 62 8
                                    

❌❌❌UNICODE❌❌❌

   
ရှိန်းက သော်ထက်နှင့် မတွေ့မိအောင် တတ်နိုင်သမျှနေသော်လည်း ကံကြမ္မာက ရှိန်းကို မျက်နှာသာမပေးခဲ့။
ကျောင်းမှ ငါးယောက်အဖွဲ့ခွဲ၍ လက်တွေ့သင်ကြားရလေသည်။ တစ်ဖွဲ့တွင် စီနီယာ နှစ်ယောက်နှုင့် ဂျူနီယာ သုံးယောက် ပါဝင်ရသည်။
ရှိန်းတို့အဖွဲ့တွင် သော်ထက် ဝင့်ရီ မေသံသာနှောင်းနှင့်  ရဲသွေးတို့ ပါလေသည်။

ဆရာက ခွဲပေးထားသော အဖွဲ့ဖြစ်သဖြင့် ရှိန်း အတွန့်မတက်ရဲ။
ယခုအခြေအနေမှာတော့ ရှိန်းမှာ သော်ထက်ကို ရှောင်နေဖို့ မဖြစ်နိုင်ခဲ့။ မိမိအဖွဲ့ထဲတွင် သူတို့အကြောင်းကို ခရေစေ့တွင်းကျ သိထားသော ရဲမာန်မပါသည်ကိုပင် ရှိန်းကျေးဇူးတင် နေမိသည်။

"မိနှောင်းမ နင်ကလဲ ငါ့ကို စိမ်းကားနေလိုက်တာဟာ။ ငါ့အိမ်လဲမလာ ငါ့လဲ ဖုန်းမဆက်။ နင်က ဘာလဲ ငါ့ကို သူငယ်ချင်းမတော်ချင်တော့တာလား။"
"မဟုတ်ပါဘူးဟာ။ နင်လဲ ငါ့အကြောင်းသိသားနဲ့ အခုထိ ငါ့အခြေအနေက perfectမဖြစ်သေးဘူးဟ။ "
"ကဲ သူငယ်ချင်းနှစ်ယောက် တော်ကြတော့။ ဟိုမှာ စီနီယာ နှစ်ယောက်စောင့်နေပြီ။ လာ သွားကြစို့။"
"အေး ရဲသွေး။"
"ရှိန်းကတော့ တိတ်တခိုးအချစ်လေးနဲ့ teamတူနေတော့ ကြည်နူးနေမာပဲ အဟက်။ ငါ့အချစ်လေးကတော့ ဟိုဘက် teamမှာ ပါသွားရှာပြီ။"

ရဲသွေးကစလိုက်တော့ ရှိန်း ကြောင်အအဖြစ်သွားသည်။ ပြီးနောက် မေသံသာနှောင်းကို ကြည့်လိုက်တော့ မျက်နှာမကောင်း။ ရှိန်းက ရဲသွေးကို မျက်နှာအမူအရာနှင့် စကားကိုထိန်းပြောန် အချက်ပြလိုက်ပြီး မေသံသာနှောင်းကိုသာ အားနာသော အကြည့်များဖြင့် ကြည့်နေလေတော့သည်။

"ရှိန်း နင်ငါ့ကို ဘယ်လိုကြည့်နေတာလဲ။ ငါ့ကိုအားနာနေစရာမလိုပါဘူး။ ငါကသာ အားနာရမှာ။ အခုနင့်စိတ်ထဲ နင့်ရင်ထဲ ဘာတွေ ဖြစ်နေလဲဆိုတာ ငါသိတယ်။ နင့်လိုပဲ ငါလဲ ထပ်တူ ခံစားနေရတာပဲ။ နင်ကသာ ငါ့ကြောင့်မို့ ကိုသော်ထက်ကို အဖြေမပေး ခပ်စိမ်းစိမ်းနေနေတာ မဟုတ်လား။ကြားထဲက ငါက လူဆိုးမဖြစ်ချင်ဘူး ရှိန်း။ အခုပဲ ဖြစ်ဖြစ် နင် ဝန်ခံလိုက်ပါ။"
"ဟင်"
"ဟျောင့်တွေ ငါစလိုက်မိတာက ခဏလေး မင်းတို့ပြောနေမှ လေကြောရှည် နေကြ တယ်။  လမ်းလျှောက်နေရင်းတောင် ရပ်ပြီး စကားပြောနေကြသေးတာ။ လာ ဟိုမှာ စောင့်နေရတာ အားနာစရာကြီး။"

ထွက်သက်တိုင်ထိ🤍[ Completed]Where stories live. Discover now