မနက်ရောက်တော့ ရှိန်း ခေါင်းမူးနောက်နောက်နှင့် နိုးလာခဲ့သည်။ ရှိန်းက သူခေါင်းအောက်တွင် ရောက်နေသော လက်မောင်းကြောင့် ဘေးကို ကြည့်လိုက်တော့ သော်ထက်။ ရှိန်း၏ ခန္ဓာကိုယ် ကတော့ သော်ထက်ရင်ခွင်ထဲတွင် ရောက်နေလေသည်။ရှိန်းက အလန့်တကြားဖြင့်
"ဟင် အစ်ကိုသော် ဘယ်ကနေ ဘယ်လိုဖြစ်ပြီးတော့ ....... ကျွန်တော်မူးတာကို ခင်ဗျား အခွင့်ကောင်းယူတာလား။"
ရှိန်းက သော်ထက်ကို အော်ရင်း သူ့ကိုယ်သူ ပြန်ဆန်းစစ်နေလေသည်။"အသွင် စိတ်ချ ။ အသွင့်ရဲ့ စိတ် ၊ အသွင့်ရဲ့ ခွင့်ပြုချက်မပါပဲ ကိုယ် အသွင့်အပေါ်မှာ ဘာမှမလုပ်ဘူး။ အသွင့်ကို တကယ် မြတ်မြတ်နိုးနိုး ချစ်တာပါ။"
"ထားပါ။ အဲ့တာဆို ကျွန်တော်က ဘာဖြစ်လို့ ခင်ဗျားဘေးမှာ လှဲအိပ်နေရတာလဲ။ ဘာလဲ အဲ့တာလဲ ကျွန်တော့်ခွင့်ပြုချက်ရလို့လို့ ဖြေမှာလား။"
"ဟုတ်တယ်လေ။ အသွင်မမှတ်မိဘူးလား။"
ရှိန်းက မျက်လုံးအကျယ်သားနှင့်
"ဟာ ခင်ဗျားနော် အဲ့လိုပေါက်တကရတွေ လျှောက်မပြောနဲ့ ။ ကျွန်တော်က ဘာလို့ လှဲအိပ်ခိုင်းရမှာလဲ။"
သော်ထက်ကတော့ ပြုံးစိစိပင်။
"အစ်ကိုသော် ....မေးနေတာ ဖြေလေဗျာ။ အဲ့လိုကြီး ပြုံးစိစိနဲ့ ရယ်နေတော့ ကိုယ့်ကိုယ်ကိုတောင် မလုံတော့ဘူး။"
"အသွင် ကိုယ်တိုင်က မဟုတ်ဘူးဆိုရင် ပြီးတာပဲလေ။ ဘာမလုံစရာရှိလို့လဲ။ ကဲပါ ထပြီး မျက်နှာသွားသစ်။ မနေ့က မူးနေအောင် သောက်ထားတာ။"ရှိန်းက ထပြီး မျက်နှာသစ်ဖို့ ပြင်နေသော်လဲ နောက်ကို လှည့်ကြည့်ကာ သော်ထက်ကို မယုံသင်္ကာ မျက်လုံးများဖြင့် ကြည့်နေစမြဲ။
"အသွင်က ကိုယ့်ကို ဘာကြည့်တာလဲ။ သွားသေချာတိုက်ခဲ့နော် မွှေးနေအောင်လို့။ ပြီးတော့ ခနနေရင် ကိုယ်လဲ ရေချိုးခန်းထဲ ဝင်ခဲ့မယ်နော်။"
သော်ထက်က စလိုက်သည်။
"ဟာဗျာ ဘာတွေ လျှောက်ပြောနေမှန်းမသိ"
