Ep-26

1.1K 70 0
                                    

❌❌❌ZAWGYI❌❌❌

(unicode font will follow after zawgyi font)

ထို ကိစ္စဖြစ်ပျက်ပြီးနောက်ပိုင်း မေသံသာနှောင်း ကသူမ၏ သူငယ်ချင်းများကို ရှောင်နေလေသည်။ ရှိန်းကိုလဲ မဆက်သွယ်  Final စာမေးပွဲနီးနေသော်လဲ အတန်းလဲမတက်ပဲ ပရဟိတလုပ်ငန်းအဖွဲ့ဝင်ကာ အချိန်ကုန်စေခဲ့လေသည်။

မေသံသာနှောင်း ပရဟိတ လုပ်၍ပြန်လာသောအခါ လှေကားရင်းတွင် ရပ်နေသော သူမ၏ မြတ်နိုးရသည့် သော်ထက်။ သူမ ထပ်ပြီး မျက်နှာချင်းမဆိုင်လိုခဲ့။ နှလုံးသားနောက် ခံစားချက်နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့သော်လည်း ပြန်ရလာသည်က အရှုံးပင်ဖြစ်သောကြောင့် သနားစရာဟု အထင်မခံလို။ မေသံသာနှောင်း နံရံနောက်သာ ပုန်းနေပြီး တောက်ပစွာ ပြုံးနေသည့် သော်ထက်ကို ငေးကြည့်နေမိလေသည်။

"အစ်ကို ပြုံးလိုက်ပါ။ အစ်ကို့ရဲ့ အပြုံးက ညီမအတွက် မဟုတ်မှန်းသိပေမယ့် ဘေးမှာ အစ်ကိုပြုံးနေတာ မြင်ရရင်ကို ဖြေသာပါတယ်။ အစ်ကို့ရဲ့ အဲ့ဒီအပြုံးကပဲ ညီမနှလုံးသားကို ရစ်ပတ်ထားတာ။ မသိတတ်သေးတဲ့ ညီမနှလုံးသားကို နှိုးဆွ သွားခဲ့တာ။"

စိတ်ထဲတွေးရင်းနှင့်ပင် မျက်ရည်က ပါးအထက် စီးကျလာသည်။ မေသံသာနှောင်းက မျက်ရည်ကို ပုတ်ထုတ်ကာ သော်ထက်ကို ဆက်ကြည့်နေလိုက်သည်။

---------------
သော်ထက်က ရှိန်းနှင့် အကြောင်းမရှိ အကြောင်းရှာ တွေ့ခဖင်သဖြင့် လှေကားအဆင်းမှာ ရှိန်းကို စောင့်နေလေသည်။

မကြာမီပင် လှေကားပေါ်မှ ခုန်ဆွ ခုန်ဆွဖြင့် ကလေးဆန်ဆန် ဆင်းလာသော ရှိန်း။ လှေကားကို တစ်ဆင့်ကျော် ဆင်းလိုက်သေးသည်။

ရှိန်းမှာ လှေကားပေါ်မှ ဂရုတစိုက် မဆင်းသဖြင့် ဟန်ချက်ပျက်၍  အောက်သို့ ပြုတ်ကျကာ ကြမ်းပြင်နှင့်ထိလုဆဲဆဲ ရှိန်းကို ဆီးကြိုပွေ့ယူလိုက်သော သော်ထက်၏ လက်တစ်စုံ။

ရှိန်းကို အလျင်အမြန် ပွေ့လိုက်ရသဖြင့် သူပါ မထိန်းနိုင်ပဲ နှစ်ယောက်လုံး ကြမ်းပြင်ပေါ် ကျလေတော့သည်။ သော်ထက် ကိုယ်ပေါ်တွင် ရှိန်းက ထပ်လျက်။

ထွက်သက်တိုင်ထိ🤍[ Completed]Tempat cerita menjadi hidup. Temukan sekarang