"Aww ဘယ်သူပါလိမ့်လို့ သားသော်ထက်ပါလား။ ဝင်ခဲ့လေသားရဲ့။"
"ဟုတ် အန်တီ ပြန်ရောက်နေတာလား ။ နေရောကောင်းတယ်မဟုတ်လား။"
"ကောင်းပါတယ် သားရယ်။ အခုက သားရှိန်းဆီ လာတာမဟုတ်လား။"
"ဟုတ်တယ် အန်တီ။ အသွင် နေမကောင်းဖြစ်နေတယ်ဆိုလို့။""ဒီကလေးကတော့ သူများကို အလုပ်ရှုပ်အောင် လုပ်ပြန်ပြီထင်တယ်။ အားနာပါတယ် သားရယ်။ သားရှိန်းက နှာစေးခေါင်းကိုက်ဖြစ်ရုံလေးပါပဲ။ လူနာသတင်းလာမေးရလောက်သည်အထိ မဟုတ်ပါဘူးကွယ်။ ရောက်လက်စနဲ့တော့ သူ့အခန်းကိုသာ တက်သွားလိုက်။ ခနနေ အန်တီ မုန့်ယူလာခဲ့မယ်။"
"ဟုတ် အန်တီ။"
______"ဒေါက်ဒေါက်ဒေါက်..........."
"ဘယ်သူလဲ ?"
"မင်းရဲ့လူကြီး အသော်ပါဗျ။"
"ဟင် အသော်တောင် ရောက်လာပြီလား။ ဝင်ခဲ့လေ။""ကောင်လေး ရေ.....။ ဖုန်းထဲမှာ ပြောတော့ အပြင်းအထန် နေမကောင်းတဲ့ ဆိုဒ်လေးနဲ့။ အခုကျတော့ ခင်ဗျားလေးက ရွှင်လို့ပါလား။"
"တကယ် နေမကောင်းဖြစ်တာပါနော်။ ညာခေါ်ပါ့မလား။"
"အောက်ထပ်မှာ မေမေနဲ့တွေ့ပြီး သိပြီးပြီ။ လှိမ့်ဖို့ မစဉ်းစားနဲ့ အသွင်လေးရေ။"
"ဘာကို မေမေလဲ။ သူများကို ပိုင်စိုးပိုင်နင်းနဲ့ ဟွန့်။"
"တကယ် အသွင်ရဲ့။ အသွင့်အသံက တော်" နေမကောင်းဖြစ်နေတယ်ထင်လို့ ကိုယ့်မှာ နေ့လယ်စာတောင်မစားနိုင် အချိန်တွေ ဖျက်ပြီး အမောတကြီး လာခဲ့ရတာ။ ဒါတွေကို သိလား ကောင်လေးရဲ့။ ဟင်?"
ပြော"ဆို" နှင့် သော်ထက်က ရှိန်း၏ ခေါင်းကို ပုတ်လိုက်သည်။
"နေမကောင်းတာကို လာခိုင်းလိုက်လို့ အပြစ်တင်နေတာလား။"
"အပြစ်မတင်ရပါဘူးဗျာ။ အသွင်လေးသိအောင် ပြောပြတာ။ ကိုယ် တန်ဖိုးထားရတဲ့ အသွင်က ဘယ်လောက်အရေးပါလဲ ဆိုတာ သိစေချင်လို့။"
"အချွဲစကားတွေလာပြော။ ဟုတ်ပါပြီ ကျွန်တော်ပဲ
တောင်းပန်တယ်နော် သော်ရေ။ ဒီတိုင်း သော်များ အနားရှိရင် ကောင်းမှာလို့ စဉ်းစားမိလို့ ခေါ်လိုက်မိတာပါ။ တအားကြီး စိတ်ပူအောင် လုပ်မိရင် sorry နော်။"
