Unicode
"ဟား...ဟား..."
"ခစ် ခစ် ခစ်..."
"ရီဖေး...အဲ့လိုရပ်ကြည့်မနေနဲ့လေ..၊
မင်းအစ်မ တို့ကို မတားတော့ဘူးလား"ပြောလဲပြော..လက်ကလဲ ရီဖေးကျောပြင်ကိုဗြောင်းခနဲရိုက်ပြီးသား..။
ထိုအခါမှ..ရီဖေးလဲ ယောင်ဝါးဝါးနဲ့.."အာ...ဟုတ်သားပဲ.
ကျန့်ကျန့်က အားငယ်နေတာလေဗျာ..၊
ကျဲတို့ တော်လိုက်တော့.."ဟန်လင် နဲ့ ရီဟွေ့ က ပြုံးစိစိမျက်နှာပေးနှင့်စိတ်ကိုအတင်းချုပ်တည်းနေရပုံ။
ရှောင်းကျန့်မျက်နှာက ပို၍စူပုတ်သွားကာ မျက်မှန်ဝိုင်းကြီးနှင့် ဦးထုပ်ကိုပြန်ဆောင်းလိုက်ပြီး..အိမ်ထဲမှထွက်သွားဟန်ပြုလိုက်သည်။မမရီဟွေ့အသံကပြာယာခတ်စွာဖြင့်..."ဟယ် ကျန့်ကျန့်လေး
တကယ်စိတ်ဆိုးသွားတာလား..၊
ကျဲ တောင်းပန်ပါတယ်.."ဟန်လင်ကလဲ ထိုနည်းတူစွာပင်..
"ဟာ..ငါ့ညီရာ..
စိတ်ထဲမထားပါနဲ့..
ရုတ်တရတ်ကြီးဆိုတော့ လေ.."ရှောင်းကျန့်က အိမ်ပေါက်ဝမှာရပ်နေဆဲမို့
ရီဖေး က အသာထိန်းဖက်ပြီး.."လာပါကွာ...ဟာ..ကျန့်ကျန့်ငိုနေတာလား..."
တစ်သိမ့်သိမ့် တုန်နေသော ကျောပြင်လေးကြောင့်ရီဖေးတောင် ကြောင်အသွားကာ ဘာဆက်လုပ်ရမလဲ မသိတော့..။
"ကျဲ..ကျန့်ကျန့်ငိုနေတယ်.."
"ဟယ်.."
ရီဟွေ့..နေရာမှအမြန်ထကာ ..ရှောင်ကျန့်အား မောင်ဖြစ်သူလက်ထဲမှ အသာဆွဲယူပြီး ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးရင်း..
"အင်း...ကလေးလိုပဲကွာ..၊
မငိုနဲ့တော့နော်..၊ တိတ်တိတ်"ချော့လေ ရှောင်းကျန့်ကပိုငိုလေ..။
အသံတွေက တစ်စစပိုကျယ်လာကာ..
ငိုသံနဲ့ဆဲဆိုသံတွေက ရီဖေးကွန်ဒိုထဲ လှိုင်လှိုင်ညံနေတော့သည်။ဝမ်ရီပေါ်ခွေးကောင် ၊ လူယုတ်မာ။
မင်းကိုသတ်ပစ်ချင်တယ် ၊ အရမ်းမုန်းတယ်စသဖြင့် ရှောင်းကျန့်က ငိုယိုပြီးပြောနေကာ...ကျန်လူသုံးယောက်မှာတော့..ကျိတ်မှိတ်ကာဖြင့်..နား သောတဆင်နေရလျက် ။
YOU ARE READING
"My Heartbeat "{[[COMPLETED]]}
Fanfiction(Unicode +Zawgyi) .အချစ်....နဲ့..အမုန်း..ကြားမှာ... ကျနော်ပြာယာခတ်စွာနဲ့... .အချစ်....နဲ့..အမုန်း..ကြားမှာ... ကျနော်ပြာယာခတ်စွာနဲ့.... Start Date; 18 /8/2019 End Date ;25 /11/2019