Ep (29)

10.7K 972 37
                                    

#Unicode #

ရပ်တန့်မနေသောအရာများထဲတွင်..အချိန်ဆိုသောအရာက..ထိပ်ဆုံးကပါသည်။

ခုလဲ..ရက် မှ လ ၊ လ မှ နှစ် ကိုကူးပြောင်းလာကာ..နှစ်ဟောင်းကုန်၍နှစ်သစ်ကိုတောင်ရောက်ချေပြီ ။

ရီဖေး..လဲ ကျောင်းပြီးပြီဖြစ်ကာ..
ထုံဖန်းနဲ့..ကတော့..Second Year ကိုရောက်ခဲ့ပြီ ။ ရီပေါ်ကတော့ First Yearကိုနောက်တစ်နှစ်ပြန်တတ်နေရပြီး..
ရှောင်းကျန့်ကတော့..ယခုတိုင်ပျောက်ချင်းမလှပျောက်နေဆဲ ။

သို့သော်..​ရှောင်းကျန့် ရှိသောနေရာကို..ရီဖေးတစ်ယောက်တည်းသာသိသည် ။ယခုလဲ..ပြက္ခဒိန်ကိုလှန်လှောနေသော..ရီဖေးလက်အစုံကရပ်တန့်သွားကာ..နှုတ်ခမ်းပါးများကလဲ..အနည်းငယ်ကော့ညွှတ်သွားပြီး

"အဟင်း..ကျန့်ကျန့်ပြန်လာမယ့်ရက်တောင်နီးနေပြီပဲ.."

ထိုအကြောင်းကိုပြောပြရမည်ဆိုလျှင် လွန်ခဲ့တယ့်တစ်နှစ်ကျော်က Memmory အချို့ကိုပြန်ဆွဲခေါ်ယူရလိမ့်မည် ။

ထိုနေ့က မှတ်မှတ်ရရပင်။ကျဲ တို့ Partyမှအပြန်ဖြစ်သည် ။

Password ဖွင့်ကာ..မိမိ Condoထဲဝင်လာခဲ့ပြီး..နေမြဲအတိုင်းနေကာ ပတ်ဝန်းကျင်ကိုသတိမထားမိ ။ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးထုတ်သောက်လိုက်ပြီး..ကျယ်လောင်စွာအော်ဟစ်ပစ်လိုက်မိသည် ။

"ကျန့်ကျန့်..အရူးကောင်
ခု..ဘယ်ရောက်နေတာလဲ.."

"ရီဖေး...ရ.."

မိမိအော်သံအဆုံးနောက်ပါးဆီမှထွက်လာတယ့်အသံတိုးတိုးလေး..၊ ကျနော်လှည့်မကြည့်ရဲသေး ၊ကျန့်ကျန့်က..အဝေးတစ်နေရာမှာ..သေကြောင်းကြံလိုက်လို့ မိမိဆီကိုဝိညာဥ်ရောက်လာလေသလား..။

ခေါင်းကိုတွင်တွင်ခါလိုက်ပြီးအရူးတစ်ယောက်လိုရေရွတ်လိုက်မိသည် ။

"ဟားဟား...ငါနားကြားမှားတာ ၊
ကျန့်ကျန့်အသံကိုဘာလို့ကြားရမှာလဲ ၊
မဖြစ်နိုင်ဘူး ၊ သူ ဝိညာဥ်ရောက်လာတာမဖြစ်နိုင်ဘူး.."

"ငါ မသေပါဘူး..၊
ဒီဖက်လှည့်ကြည့်ပါအုံး.."

"ဟင်..."

"ကျန့်ကျန့်..မင်း.."

ခပ်နွမ်းနွမ်းT-Shirt တစ်ထည်နဲ့ဂျင်ပြာမွဲခြောက်ခြောက်ကိုဝတ်ထားသူ ၊မျက်နှာကတော်တော်ကြီးကိုချောင်ကျနေကာ..နှုတ်ခမ်းနှစ်လွှာ က သွေးရောင်မရှိတော့ ၊ ကြည်တောက်တောက်မျက်ဝန်းလေးတွေက..ညှို့မှိုင်းနေကာ ၊ အမြဲပြုံးရယ်နေသော..ကျနော့်သူငယ်ချင်းကျန့်ကျန့်သည်..ခုတော့အခြားလူတစ်ယောက်လို..

"My Heartbeat "{[[COMPLETED]]}Tempat cerita menjadi hidup. Temukan sekarang