#Unicode #
ကိုယ်က..ဇတ်လမ်းPlot တွေNoteထုတ်ပြီးသားမို့ ဘယ်Fic Up Up အဆင်ပြေတယ်..။ My Heartbeat ကိုအပြီးသတ်ခိုင်းနေတယ့် Comments က ပိုများနေတာဆိုေတာ့Oo ကိုခဏလောက် ခေါက်ထားလိုက်မယ်။ OK တယ်မလား အချစ်တို့😜
_____________________________
Ep (23)
"ဘာလို့..ရေချိုးပြီးအဝတ်အစားအသစ်တွေ လဲ နေတာတုန်းဟ."
ရီဖေး..က..တစ်ခွန်းမှပြန်မပြော။
သို့သော်..သူ့အနားကို တိုးကပ်လာကာ..
ရေချိုးပြီးခါစ လက်အေးကြီးနှင့်..ကတုံးပြောင်ပြောင်ကို တစ်ဘတ်ဘတ်နဲ့လာရိုက်နေတာမို့..."ဘတ်..ဘတ်.."
"Gar...ရီဖေး..ဘာလုပ်တာလဲကွ..၊
နှစ်ခါတောင်ရှိပြီနော်.."အိပ်ချင်နေသောမျက်လုံးများက..အော်တိုပင်ပြူးကျယ်လာကာ..ရီဖေးအား..ကတ်ကတ်လန်အောင်ရန်တွေ့ရင်..မိမိဖြစ်အင်ကိုစိတ်ပျက်စပြုလာသည်..။
တစ်ကယ်ပဲ လှောင်ရယ်စရာဖြစ်နေပြီလား။ရီဖေးက..ခါးပတ်ကြိုးကိုပြီးစီးအောင်တတ်ပြီးမှ..သူ့အားမှင်သေသေကြည့်ကာ..
"ငိုမဲ့မဲ့ လုပ်မနေနဲ့..၊
မင်းကို..ပြောင်နေတာမဟုတ်ဘူး..၊
ဦးနှောက်ကောင်းသေးလားလို့ ရိုက်ကြည့်တာ..."ရှောင်းကျန့်က ကုတင်ပေါ်ငေါက်ခနဲထထိုင်ကာ..ရီဖေးစကားများကိုနားမရှင်းပုံနှင့်..
"ဘာလဲ..Game ဆော့တိုင်း..ဦးနှောက်
ပျက်စရာလား..၊ ညဘက်ကြီး..ရေမိုးချိုး
အဝတ်အစားလဲနေတယ့်..မင်းကသာ..
ဦးနှောက်ပျက်နေတာ..."ဆံပင်တွေကို..Gel ဖြင့်ဖွနေသော ရီဖေးက..သူ့အားမယုံကြည်နိုင်သောမျက်လုံးများဖြင့်ကြည့်ကာ..တစ်ဖြည်းဖြည်းအနားတိုးကပ်လာပြီး..ရူးကြောင်ကြောင်မေးလိုက်ပုံက...
"ကျန့်ကျန့်..ဘယ်နှစ်နာရီရှိပြီလဲ.."
ရှောင်းကျန်က..ကုတင်ဘေးက.Phoneကိုကောက်ကိုင်လိုက်ပြီး..
"အင်း..11 ထိုးတော့မယ်လေ.."
"ဟုတ်တယ်လေ..
ငါသိတယ်.၊ ဒါနဲ့ ခုနက Phone Screen
မှာ ပေါ်လာတာဘယ်သူ့ပုံကြီးလဲ.."
YOU ARE READING
"My Heartbeat "{[[COMPLETED]]}
Fanfiction(Unicode +Zawgyi) .အချစ်....နဲ့..အမုန်း..ကြားမှာ... ကျနော်ပြာယာခတ်စွာနဲ့... .အချစ်....နဲ့..အမုန်း..ကြားမှာ... ကျနော်ပြာယာခတ်စွာနဲ့.... Start Date; 18 /8/2019 End Date ;25 /11/2019