အတွဲ ၁- အပိုင်း ၁

13.3K 789 1
                                    

ဖုန့်မင် သေသွားခဲ့လေပြီ။ သူ့ဘ၀က ဒီလိုအသက်တိုခဲ့ရလိမ့်မယ်တော့ သူတခါတလေသော်မျှတောင် မတွေးထားကြည့်ဖူးခဲ့ပေ။ ပုံမှန် အသက် ၁၉နှစ်ဆိုလျှင် မရင့်ကျက်သေးခင်မှာပဲ စောလျင်စွာ ဘ၀ဆုံးသွားရခြင်းကိစ္စထက် ဘ၀ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ဖို့အတွက်ပဲ တွေးကြည့်နေမိကြမှာ အမှန်ပေ။ သို့သော်လည်းပဲ သူ့ကိစ္စမှာတော့ လမ်းကူးနေသည့် ကလေးလေးတယောက်ဆီကို ထရပ်ကားကြီးတစီးက အရှိန်ပြင်းပြင်းနဲ့ဝင်လာတာကို ဖျတ်ခနဲတွေ့လိုက်ရသောကြောင့် ကံအကြောင်းတရားတို့ ပြောင်းလဲခဲ့ရလေသည်။

တုန့်ဆိုင်းတွေဝေခြင်းကင်းမဲ့စွာပဲ ဖုန့်မင် သူ့ရင်ခွင်ထဲကို ထိုကလေးငယ်အား ပွေ့ချီလိုက်ရင်း ဘေးကင်းလုံခြုံအောင် ကယ်ဆယ်ခဲ့လိုက်သည်။

ထရပ်ကား၏အရှိန်ကြောင့် ဖုန့်မင်တယောက်မှာတော့ ကောင်းကင်မှနတ်သက်ကြွေကျနေသည့် နတ်သားတပါးအသွင် သည်နေရာမှသည် ဟိုနေရာသို့ ချက်ချင်းပင် လွှင့်စင်ပစ်ကျသွားခဲ့ရလေသည်။ သူ၏ အိပ်မက်ဆန်ဆန် ၀င်လေထွက်လေတို့ ဆိုင်းငံ့ရပ်တန့်သွားခဲ့ရတဲ့အချိန်မှာတော့ သူ ကြားနိုင်တာဆိုလို့ သူတို့ဆီကို ပြေးလာနေကြတဲ့ ဆူညံသံတွေကိုသာပင်။

ထိုအခိုက်မှာပဲ သူ သေဆုံးခဲ့ပြီးဆိုတာကို သူသိခဲ့လိုက်ရပါပြီ။

သေဆုံးပြီးသားလူတွေက ဘယ်ကိုဆက်သွားကြရမှာလဲ။

ခန္ဓာကို နာမ်က စွန့်ခွာလိုက်တာနဲ့တပြိုင်နက် ဖုန့်မင်ဟာ ဗလာနတ္ထိ အတိဖြစ်နေတဲ့ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကမ္ဘာကြားက ဟင်းလင်းပြင်ကို ရောက်ရှိနေနှင့်လေပြီ။ ထိုအခြင်းအရာဟာ ဘာနဲ့တူသလဲဆိုတော့ အေးစက်ပြီးအစွဲကင်းနေတဲ့ ချောက်ချားအိပ်မက်ထဲမှာ ပိတ်လှောင်မိနေသကဲ့သို့ပင်။

မည်သူတဦးတယောက်ကမှ သူ၏ ဟစ်အော် ငိုကြွေးသံတွေကို ကြားနိုင်၊ မြင်နိုင်မည် မဟုတ်တော့။

အထီးတည်းနှင့် တသီးတသန့်တည်ရှိနေကာ သူ့စိတ်ဓာတ်တို့မှာလည်း မျှော်လင့်ချက်ပျက်သုဉ်းခြင်းတည်းဟူသော အမှတ်ထိ ရောက်ရှိနေရလေသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို ဆူညံသံတခုလို့ ယူဆလို့ရသည့်အသံကြောင့် သူ့အကြားအာရုံတို့ ပြန်လည်သက်ဝင်လုပ်ရှားလာရလေသည်။

နဝကိုးနိဗ္ဗာန်၏ ဖီးနစ်သခင် (Myanmar Translation)Where stories live. Discover now