အပိုင်း ၂၃

4.9K 363 31
                                    

"ဘာလို့လည်းဆိုတော့... ဖန်ကျားပြည်က စစ်တပ်စေလွှတ်ပြီး နယ်စပ်ဘက်ကို အကြမ်းဖက်လာမှာကို ကာကွယ်ဖို့ရယ်၊ ပြီးတော့ ရှီးလိန်ပြည်ဘက်က အန်းရွှင်သေဆုံးသွားတဲ့အတွက် စာနာဂရုဏာဖြစ်ကြောင်းကို ထင်ပေါ်အောင် ပြနိုင်ဖို့အတွက်ပေါ့၊ ရှီးလိန်ပြည်မင်းသားက ကိုယ်တိုင်ကိုယ်ကျ ဖန်ကျားပြည်ကိုသွားရောက်ပြီး ဖန်ကျားပြည်တတိယမင်းသမီးကို ရှီးလိန်ပြည်ဘက်ကို ပြန်ခေါ်ထားပြီး သေသည်ထိတိုင်အောင် စောင့်ရှောက်ထားပါ့မယ်ပေါ့"

"ဘာရယ်" ဖုန့်မင် စိုက်ကြည့်လိုက်ပြီး အော်ချပစ်လိုက်သည်။ "မင်းရူးနေပြီလား၊ ဖန်ကျားပြည်က လက်ရှိမှာ ရှီးလိန်ပြည်ကို အသေအကြေကို မုန်းတီးနေတာလေ... ငါ့ကို ဖန်ကျားပြည်ဆီ သွားသေဖို့ခိုင်းနေတာလား၊ ဟေ့... ငါမင်းကို ပြောထားပြီးသားနော်၊ ငါအိမ်ရှေ့စံမင်းသားရာထူးကို မလိုချင်ပါဘူးလို့၊ အဲ့ရာထူးကို မင်းကြိုက်တဲ့အချိန်ပြန်ယူလို့ရတယ်၊ ပြီးတော့ ဒီလိုအစီအစဉ်တွေဆွဲပြီး ငါ့ကိုသေတွင်းထဲ တွန်းပို့နေစရာမလိုဘူး"

ရုန်ဝမ်ဟာ မျက်မှောင်ကြုတ်ကာ မျက်နှာကလည်း မကြည်မသာဖြင့် "ကိုက အဲလိုဖြစ်စေချင်တယ်လို့ ထင်နေတာလား၊ ဒီနှစ်အတွင်းကို ရှီးလိန်ပြည်မှာက ပြဿနာတွေအများကြီးဖြစ်နေတာ၊ အစာရေစာ မလုံလောက်တာတွေ၊ ပုန်ကန်ရေးပဲ အမြဲလိုလိုလုပ်နေတဲ့ ပြည်သူတွေက ရှိသေးတယ်၊ နယ်စပ်ဘက်တွေမှာလည်း သူပုန်ဓားပြတွေနဲ့ ထုန်းပြည်ထောင်ကလည်း စစ်ဖြစ်ဖို့ကို အပြင်းအထန်ဦးတည်ရည်ရွယ်နေတာ၊ အခုသာ တကယ်လို့ ဖန်ကျားပြည်က ရန်သူတော်ဖြစ်သွားပါပြီတဲ့... အဲလိုဆိုရင် ရှီးလိန်က ဘယ်လိုမှကို ရပ်တည်လို့မဖြစ်နိုင်တော့ဘူး၊ ဖန်ကျားရဲ့စစ်တပ်က ချီတက်လာတာမှန်ပေမယ့် ကိုတို့နယ်နိမိတ်ကို မထိုးဖောက်သေးဘူး၊ အဲဒါကိုထောက်ရင် ဖန်ကျားပြည်ဘုရင်က ခုမှ စဉ်းစားချင့်ချိန်နေတုန်းပဲဖြစ်လောက်တယ် ပြီးတော့ တိုက်ခိုက်ဖို့ကိုလည်း တွန့်ဆုတ်နေသေးတယ်၊ အဲလိုကြောင့်မလို့လည်း တပ်မကြီးတွေကို တုန့်ဆိုင်းထားပြီး အမိန့်မပေးဘဲထားသေးတာပေါ့၊ အဲဒါကြောင့် ကိုတို့အနေနဲ့ ဒီအခွင့်အရေးကို အမိအရယူပြီး ဖန်ကျားပြည်ရဲ့သစ္စာခံမှုကို အရေးတကြီး ပြန်ယူပြီး အခြေအနေကိုဖြေရှင်းပစ်ရမယ်၊ ရှီးလိန်ပြည်ရဲ့ တော်ဝင်အခြေအနေကလည်း လက်ရှိမှာ မရေမရာအဆင့်မှာပဲ ရှိသေးတယ်၊ ဒီခရီးမှာ ဟောဒီ ရုန်ထန်းဆိုတဲ့ကောင်အစား အိမ်ရှေ့စံကိုပဲ အစားထိုးအနေနဲ့ လွှတ်လိုက်ဖို့ကလွဲပြီး ကို့မှာတခြားနည်းလမ်းမရှိတော့ဘူး" ရုန်ဝမ်၏စကားအဆုံးသတ်နားက ပြောလိုက်သည့်လေသံ အလွန်ခက်ထန်လေသည်မှာ ဖုန့်မင် လို့ပင် သူ့ကိုမခေါ်တော့ဘဲ အိမ်ရှေ့စံ ဟုသာ တင်စားသုံးနှုန်းလေသည်။

နဝကိုးနိဗ္ဗာန်၏ ဖီးနစ်သခင် (Myanmar Translation)حيث تعيش القصص. اكتشف الآن