𝐂𝐡𝐚𝐩𝐭𝐞𝐫 -12 ☕

1.3K 199 3
                                    

Zawgyi

*ဘုန်း !!!*

ဆိုဖာ​ပေါ်က ပြုတ်​အကျမှာ နမ်​ဂျွန်​ အီဆိမ့်​သွားရတယ်​ ။
ကိုယ့်​အိပ်​ရာ ဟုတ်​မ​နေတာ​ကြောင့်​ ခဏ​ကြောင်​သွား​ပေမယ့်​ ​ပြီးမှ ယွန်းဂီHyung ရဲ့Studio မှာ ညအိပ်​လိုက်​ရတာကို ပြန်​သတိရသွားတယ် ။ တစ်​ဖက်​ဆိုဖာကို ကြည့်​လိုက်​​တော့ ​ကွေး​ကွေး​လေး အိပ်​​ပျော်​​နေတဲ့ ယွန်းဂီHyung ။

နမ်​ဂျွန်​ နာရီကို ကြည့်​လိုက်​​တော့ မနက်​၉နာရီခွဲ ။
ချက်​ချင်း ကြမ်းပြင်ပေါ် ထိုင်​​နေရာကနေ ထရပ်​လိုက်​ပြီး မျက်​နှာ​တောင်​ မသစ်​နိုင်​ဘဲ ချက်​ချင်း ဂျင်​Hyung ရှိ​နေမယ့်​​ ဆေးရုံဆီ အမြန်​​ပြေး​တော့တယ်​ ။ ဒီ​နေ့​လောက်​ဆို
ဂျင်​Hyung သတိရ​လောက်​ပြီလား ? ရ​လောက်​ပြီ ထင်​တယ်​ ။ သတိရရချင်း နမ်​ဂျွန့်​ကိုပဲ အရင်​​တွေ့​စေချင်​တာကို ။

မ​နေ့ကဖြစ်​ပုံက နမ်​ဂျွန်​ရဲ့အ​မေက အိမ်​ကိုပြန်​လာလည်​ဖို့ ခဏခဏ မှာ​နေတာကြာပြီ ။ နမ်​ဂျွန်​က ​ခေါင်​မိုးထပ်​​လေးတစ်​ခု ဝယ်​​နေတာ အဆင်​​ပြေတာမို့ အိမ်​ကို​ တော်​​တော်​နဲ့ မပြန်​ဖြစ်​ ။ မ​နေ့က​တော့ အ​မေက အ​လျှော့မ​ပေး​တော့ပဲ အတင်းဖုန်းဆက်​​ခေါ်​နေတာနဲ့ အိမ်​ခဏပြန်​လိုက်​ရတာ ။ ​နေ့လည်​စာစားပြီးရင်​ ပြန်​မလို့​ပေမယ့်​ ညီမဖြစ်​သူ​ကောင်းမှုနဲ့ ဖုန်း​တောင်​မကိုင်​အား ။ တစ်​​နေကုန်​ ဟိုလိုက်​ပို့ရ ဒီလိုက်​ပို့ရအပြင်​ ​သားအမိနှစ်​​ယောက်​ ဈေးဝယ်​ထွက်​တာပါ လိုက်​​ပေးလိုက်​ရတာမို့် ဆေးရုံကို ည​နေပြန်​လာခဲ့မယ်​လို့​ ထယ်​​ယောင်းကို ​ပြောခဲ့ပြီးမှ အချိန်​မီ ပြန်​မသွားလိုက်​နိုင်​ဘူး ။

ညစာအမီ​တော့ ပြန်​သွားမယ်​ လုပ်​ထား​ပေမယ့်​ ယွန်းဂီHyung က အလုပ်​ကိစ္စနဲ့ ဖုန်းဆက်​​ခေါ်တာမို့ Studio ကို​ ပြေးရ​သေးတယ်​ ။ တစ်နေကုန် ဟို​ပြေးဒီ​ပြေး လုပ်​​နေရင်းနဲ့ အ​ရေးထဲ Studio ကို သွားတဲ့လမ်းမှာ ဖုန်းက ကျ​ပျောက်​သွား​သေး​တယ် ။ လိုအပ်​တဲ့ ဖုန်းနံပါတ်​​တွေအကုန်​ ဖုန်းထဲမှာပဲရှိပြီး သပ်​သပ်​မှတ်​မထားမိတာက တစ်​​ကြောင်း ၊ အလုပ်​ကလည်း ရှုပ်​​နေတာက တစ်​ဖုံမို့ ​လော​လောဆယ်​ Studio ထဲမှာ​ လုပ်​ရမယ့်​အလုပ်​ကိုပဲ ယွန်းဂီHuyng နဲ့အတူ အာရုံစိုက်​လုပ်​လိုက်​မိတာနဲ့ သတိရလို့ နှစ်​​ယောက်​လုံး နာရီကို ကြည့်​လိုက်​​မိ​တော့ ညသန်း​ခေါင်​​ကျော်​​နေပြီ ။ အဲ့​လိုနဲ့ ယွန်​ဂီHyung ရဲ့Studio မှာပဲ နမ်​ဂျွန်​ ညအိပ်​လိုက်​ရ​တော့တာပဲ ။

𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎Where stories live. Discover now