Zawgyi
နေ့ရက် ၊ နေရာ ၊ အချိန် အကုန်သတ်မှတ်ပြီးသွားတော့ လာရမယ့် လိပ်စာအတိအကျကို ဂျင်Hyung ဆီ နမ်ဂျွန် SMS ကနေ ပို့ပေးလိုက်ရင်း ရင်ခုန်နေမိတယ် ။ ချိန်းထားတဲ့ရက်က သန်ဘက်ခါ ၊ အချိန်က ညနေ ၆နာရီ ။ နေရာက ဟိုဆော့အစ်မရဲ့အရောင်နုနု အပြင်အဆင်လေးတွေရှိတဲ့ Coffee & Desserts Bar လေး ။
ဒီလိုနဲ့ ပြင်ကြဆင်ကြရင်း ချိန်းဆိုထားတဲ့နေ့ကို ရောက်လာတော့တယ် ။ ဟိုဆော့ရဲ့အကူအညီနဲ့ နမ်ဂျွန်ဟာ ဟိုဆော့အစ်မရဲ့Bar လေးကို ညနေခင်းတစ်ပိုင်းစာ ဈေးသက်သက်သာသာနဲ့ ငှါးလိုက်နိုင်တယ် ။
အခုတော့ ဆိုင်ထဲမှာ နမ်ဂျွန် ၊ ယွန်းဂီ ၊ ဟိုဆော့နဲ့ ဟိုဆော့အစ်မတို့ပဲ ရှိနေကြတယ် ။ နာရီလက်တံရှည်က နံပါတ်၆ကို ညွှန်ပြနေပေမယ့် ၆နာရီ မထိုးသေး ။ နာရီလက်တံတိုက ၁၂ကိုရောက်ခါနီးလေလေ နမ်ဂျွန့်ရဲ့လက်ဖျားတွေဟာ အေးစက်လာလေလေပဲ ။ နှင်းဆီပန်းဆယ့်တစ်ပွင့်ပါတဲ့ နှင်းဆီပန်းစည်းလေးကို ကိုင်ထားတဲ့ နမ်ဂျွန့်လက်တွေက မသိမသာ တုန်ယင်လို့နေတယ် ။ နမ်ဂျွန်က ဒီတသက် ဂျင်Hyung တစ်ယောက်တည်းကိုပဲ ချစ်သွားမှာ ။"ငါ အရမ်း စိတ်လှုပ်ရှားနေပြီ !"
အသက်ကို ခပ်ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်နေရင်း နမ်ဂျွန် ပြောမိတယ် ။
"အဆင်ပြေမှာပါ ။"
ဟိုဆော့က နမ်ဂျွန့်ပခုံးကို ပုတ်ကာ ပြုံးပြီး အားပေးနေတယ် ။
"ဟော ... ဟိုမှာ မင်းရဲ့ဂျင်Hyung လာနေပြီ !!"
ဆိုင်တံခါးဝနားမှာ ရပ်နေတဲ့ ယွန်းဂီHyungရဲ့ စကားသံအဆုံး နမ်ဂျွန်ဆိုင်အပြင်ကို လှမ်းကြည့်လိုက်တော့ ဆိုင်ရှိရာဆီလမ်းလျှောက်လာနေတဲ့ အဝါရောင်ဆွယ်တာလေးနဲ့ ဂျင်Hyung ။ နေဝင်ခါနီးပြီမို့ မှောင်နေပြီဆိုပေမယ့် ဂျင်Hyung ကတော့ တောက်ပနေတုန်းပဲ ။ နမ်ဂျွန် အချက်ပြလိုက်တာနဲ့ ဆိုင်ရှိလူအားလုံး အလျှိုလျှို တာဝန်ကျရာနေရာကိုယ်စီမှာ ဝင်ပုန်းလိုက်ကြတယ် ။
YOU ARE READING
𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎
Romance𝐓𝐡𝐢𝐬 𝐢𝐬 𝐍𝐚𝐦𝐉𝐢𝐧 𝐅𝐚𝐧𝐟𝐢𝐜 𝐚𝐧𝐝 𝐭𝐡𝐞𝐫𝐞'𝐬 𝐧𝐨 𝐝𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧. UᴜU 𝐉𝐮𝐬𝐭 𝐫𝐞𝐚𝐝 𝐢𝐭. 𝐈 𝐝𝐚𝐫𝐞 𝐭𝐞𝐥𝐥 𝐭𝐡𝐚𝐭 𝐲𝐨𝐮'𝐥𝐥 𝐥𝐨𝐯𝐞 𝐢𝐭 𝐢𝐟 𝐲𝐨𝐮 𝐫𝐞𝐚𝐥𝐥𝐲 𝐥𝐨𝐯𝐞 𝐍𝐚𝐦𝐉𝐢𝐧. XD 𝐁𝐓𝐒 𝐅𝐚𝐧𝐟𝐢𝐜 𝐢𝐧...