Zawgyi
ကျောင်းဝန်းထဲ ဝင်ဝင်လိုက်ချင်း ဆော့ဂျင် ဟိုဟိုသည်သည် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်တယ် ။
ကျောင်းအဝင်ဝနားက သစ်ပင်မှာကွယ်ပြီး မယောင်မလည်လုပ်နေတဲ့ တစ်စုံတစ်ယောက်ကိုတွေ့မှ ဆော့ဂျင် ကျိတ်ပြုံးလိုက်တယ် ။ ဒီကောင်လေး ဒီနေ့နဲ့ဆို နှစ်ပတ်ရှိပြီ ။ အဲ့တစ်ယောက်ကို မမြင်ချင်ယောင်ဆောင်ပြီး အတန်းဘက်ဆီ ဆော့ဂျင် ခြေဦးလှည့်လိုက်တယ် ။ အနောက်ကနေ ယောင်လည်လည်နဲ့ လိုက်လာဦးမယ်မှန်း သိတာမို့ ဆော့ဂျင် ရယ်လိုက်မိတယ် ။ လိုက်လာပြီးရင်လည်း ထုံးစံအတိုင်း ဆော့ဂျင်အတန်းထဲ ဝင်သွားတာ ကြည့်ပြီးမှ ပြန်သွားလိမ့်ဦးမယ် ။ အဲ့နေ့က အဲ့ဒီ့စာဂျပိုးဂျူနီယာလေးကို ကူညီပေးပြီးကတည်းက ဆော့ဂျင် ကိုယ်ပိုင် Stalker ရသွားတော့တာ ။ ဒီအတိုင်း ဆော့ဂျင်ရှိတဲ့ နေရာတိုင်းမှာ ရှိနေတာကလွဲလို့ တခြား စိတ်အနှောက်အယှက်ပေးတာမျိုးလည်း မရှိတာမို့ ဒီအတိုင်း မသိချင်ယောင်ဆောင်ပေးထားတာပင် ။ တကယ်လည်း ထူးထူးခြားခြား စိတ်အနှောက်အယှက် မဖြစ်မိ ။ သူ့ရဲ့ခိုးကြောင်ခိုးဝှက်နဲ့ အူကြောင်ကြောင်ပုံစံလေးကပဲ တစ်မျိုးရယ်စရာကောင်းနေတာမို့ အပျင်းတောင် ပြေသေး ။ သူ့ကိုမတွေ့ရင်တောင် တစ်ခုခုလိုနေသလို ခံစားမိတဲ့အထိ ။တစ်ခါတစ်လေ မျက်နှာချင်းဆိုင်တည့်တည့်တိုးလို့ ဆော့ဂျင်က စပြီး ပြုံးပြမိတဲ့အခါ ပြာယာခတ်ပြီး ထွက်ထွက်ပြေးတာကတစ်မျိုး ၊ ဆော့ဂျင်ရှေ့ရောက်ရင် အမြဲ သတိအနေအထားနဲ့ ခေါင်းကို ငုံ့ငုံ့ပစ်တာက တဖုံ ။ တစ်နေ့တစ်မျိုး ရိုးကိုမရိုးရ ။ သူက ဘာဖြစ်ချင်နေတာလဲ ? လို့ အကြိမ်ကြိမ် တွေးဖူးပေမယ့် ပဟေဠိဖြစ်နေဆဲပင် ။
တစ်နေ့မှာတော့ ဆော့ဂျင်ရဲ့စာသင်ခုံပေါ် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီတစ်ဘူး ရောက်နေတာ တွေ့လိုက်ရတယ် ။ ရုတ်တရက်မို့ အံ့သြသွားပေမယ့် ချက်ချင်း ဆော့ဂျင် စဉ်းစားမိတာက အဲ့ဒီ့ အူကြောင်ကြောင် ဂျူနီယာလေးပဲ ။ သူပဲနေမှာ ဆိုတဲ့အတွေးနဲ့ ဆော့ဂျင် ပြုံးလိုက်မိတယ် ။ ပြုံးလို့မပြီးသေး ပြတင်းပေါက်ကနေ လှစ်ခနဲ ပြေးထွက်သွားပုံရတဲ့ အရိပ်လေး ။ ဆော့ဂျင် အမြန်ပြေးကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဆံပင်ဘုတ်သိုက်နဲ့ ကောင်လေးရဲ့လွယ်အိတ်လေးကို မြင်လိုက်ရတယ် ။ ပြေးနေတာမို့ ကောင်လေးရဲ့ကျောပိုးအိတ်လေးက ခုန်နေခဲ့သလို ဆော့ဂျင်ရဲ့နှလုံးသားလေးဟာလည်း မသိမသာ ခုန်နေခဲ့တယ် ။ ဆော့ဂျင်ကိုယ်တိုင်တော့ သတိမထားမိခဲ့ပေမယ့် ...။
YOU ARE READING
𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎
Romantizm𝐓𝐡𝐢𝐬 𝐢𝐬 𝐍𝐚𝐦𝐉𝐢𝐧 𝐅𝐚𝐧𝐟𝐢𝐜 𝐚𝐧𝐝 𝐭𝐡𝐞𝐫𝐞'𝐬 𝐧𝐨 𝐝𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧. UᴜU 𝐉𝐮𝐬𝐭 𝐫𝐞𝐚𝐝 𝐢𝐭. 𝐈 𝐝𝐚𝐫𝐞 𝐭𝐞𝐥𝐥 𝐭𝐡𝐚𝐭 𝐲𝐨𝐮'𝐥𝐥 𝐥𝐨𝐯𝐞 𝐢𝐭 𝐢𝐟 𝐲𝐨𝐮 𝐫𝐞𝐚𝐥𝐥𝐲 𝐥𝐨𝐯𝐞 𝐍𝐚𝐦𝐉𝐢𝐧. XD 𝐁𝐓𝐒 𝐅𝐚𝐧𝐟𝐢𝐜 𝐢𝐧...