Zawgyi
*ချွင် !!!*
တံခါးနားက ခေါင်းလောင်းသံကို ဆော့ဂျင် ကြားလိုက်ရတယ် ။ ဆိုင်တံခါးအဝင်ဝမှာ ဒီခေါင်းလောင်းလေးကို ချိတ်ထားလိုက်တော့ ကောင်တာမှာ ထိုင်မနေလည်း ဆိုင်ကို Customer ရောက်လာပြီဆိုတာကို အလိုလိုသိစေနိုင်တာပေါ့ ။
ဆော့ဂျင် မုန့်ဖုတ်ခန်းထဲကနေ ကပြာကယာပဲ မြန်မြန်ထွက်လာလိုက်တယ် ။ Customer ကို ဝန်ဆောင်မှုပေးဖို့ပေါ့ ။ ပါးမှာတော့ ဂျုံမှုန့်အနည်းငယ် ပေလို့နေတယ် ။
ခေါင်းမှာဆောင်းထားတဲ့ ဦးထုတ်အဖြူလေးကို ချွတ်လိုက်တဲ့ ဆော့ဂျင်ဟာ အပြာရောင်အေပရွန်လေးကိုတော့ ဝတ်ထားဆဲပဲ ။ Omelas Cafe လို့်အမည်ရတဲ့ ဆော့ဂျင်ရဲ့Cafe လေးဟာ သာမန်ကော်ဖီဆိုင်တွေလိုပဲ ။ သိပ်တော့ မထူးခြားဘူး ။ ကော်ဖီနဲ့ ဆော့ဂျင်ကိုယ်တိုင်ဖုတ်တဲ့ ပေါင်မုန့်တွေ ၊ ကွတ်ကီးတွေနဲ့ ကိတ်မုန့်တွေ အဓိကထား ရောင်းတယ် ။
ဆိုင်ရဲ့ရောင်းအားကလည်း ပုံမှန်ပဲ ။ ပိုလည်းမပိုသလို လျော့လည်းမလျော့ဘူး ။ ဆော့ဂျင်မှာ ပုံမှန်ဖောက်သည်တွေ ရှိတယ် ။ အထူးသဖြင့် မိန်းကလေးဖောက်သည်တွေ များတယ် ။ များသောအားဖြင့် ဆိုင်ရဲ့စားပွဲထိုးက ဆော့ဂျင်ပဲ ။ မုန့်ဖုတ်တော့လည်း ဆော့ဂျင်ပဲ ။ ကောင်တာထိုင်တော့လည်း ဆော့ဂျင်ပဲ ။ ဆော့ဂျင်က ဆိုင်ရှင်ဆိုလည်း ဟုတ်တယ် ။ ဝန်ထမ်းဆိုရင်လည်း ဟုတ်တယ် ။ တစ်နေ့တစ်နေ့ အလုပ်နဲ့လက်ဆိုတာ ပြတ်တယ်ရယ်ကိုမရှိ ။ ဝန်ထမ်းနှစ်ယောက်တော့ ရှိပေမယ့် အချိန်ပိုင်းပဲလုပ်တဲ့ တက္ကသိုလ်ကျောင်းသားလေးတွေမို့ လူကျတဲ့ ညနေပိုင်းမှာပဲ ရှိကြတာများတယ် ။ဒီနေ့က သာမန်ကြားရက်တစ်ရက်ပဲ ဆိုပေမယ့် အရင်က ဖောက်သည်တွေ ပြည့်နေတတ်တဲ့ Omelas Cafe လေးဟာ ထူးထူးခြားခြား လူရှင်းလို့နေတယ် ။ လူရှင်းရတဲ့ အကြောင်းရင်းက တလောက ကြေညာထားတဲ့ မုန်တိုင်းသတင်းကြောင့် ဖြစ်နိုင်သလို အခုလောလောဆယ် မိုးရွာနေလို့လည်း ဖြစ်နိုင်တယ် ။ ခုနက ဝင်လာတဲ့ Customer ဟာ ကောင်တာရှေ့မှာရပ်ရင်း ဆိုင်နံရံပေါ်မှာ ကပ်ထားတဲ့ Menu ကို အာရုံစိုက် ဖတ်နေတယ် ။ ပြီးတော့ ပေါင်မုန့်တွေတင်ထားတဲ့ စင်ကို ကြည့်နေပြန်တယ် ။
YOU ARE READING
𝐇𝐲𝐮𝐧𝐠 ! 𝐋𝐞𝐭 𝐌𝐞 𝐀𝐝𝐨𝐫𝐞 𝐘𝐨𝐮 || NamJin FF [Completed]✔︎
Romance𝐓𝐡𝐢𝐬 𝐢𝐬 𝐍𝐚𝐦𝐉𝐢𝐧 𝐅𝐚𝐧𝐟𝐢𝐜 𝐚𝐧𝐝 𝐭𝐡𝐞𝐫𝐞'𝐬 𝐧𝐨 𝐝𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧. UᴜU 𝐉𝐮𝐬𝐭 𝐫𝐞𝐚𝐝 𝐢𝐭. 𝐈 𝐝𝐚𝐫𝐞 𝐭𝐞𝐥𝐥 𝐭𝐡𝐚𝐭 𝐲𝐨𝐮'𝐥𝐥 𝐥𝐨𝐯𝐞 𝐢𝐭 𝐢𝐟 𝐲𝐨𝐮 𝐫𝐞𝐚𝐥𝐥𝐲 𝐥𝐨𝐯𝐞 𝐍𝐚𝐦𝐉𝐢𝐧. XD 𝐁𝐓𝐒 𝐅𝐚𝐧𝐟𝐢𝐜 𝐢𝐧...