အသည်း ကွဲ တယ် ဆိုတာ တော်တော်ခံစားရတဲ့ဝေဒနာပါလား .........
Lisa တနေကုန် သူမ အခန်းအောင်းနေလို့ စိတ်ပူနေသူမှာ
appa ...Appa က သူမအခန်းထဲ ၀င်လာပြီး ....
"သမီး .."
"အွန်း ပြောလေ Appa "
"Appa မနေ့က သမီးကို ဆေးရုံ လွှတ်လိုက်တာ ဘာအဆင်မပြေဖြစ်သွားလို့လဲ .."
"Appa ...သမီး သူ့ကို စွန့်လွှတ်လိုက်တော့ မလို့ . "
"ဘယ်လို ...မဖြစ်နိုင်တာ သမီးရယ် ..သမီး အခုလိုတွေကြိုးစားခဲ့တာ ဘယ်သူအတွက်ဆိုပြီး ကြိုစားခဲ့ရတာလဲ ...ပြီးတော့
သမီး နိုင်ငံခြား ပညာသင်တာလဲ သူ့အတွက်ပဲ မလား ..""Appa အ့တာတွေ သူမသိဘူး .."
Lisa ပြောရင်း မျက်ရည်တွေ ကျလာသည်။
"သမီး သူ့ကို မသွားခင်က စာပေးပြီးတောင်းပန်သေးတယ်
Nini ဘာလို့ ခုလို ခါးခါးသီးသီး မုန်းသွားတယ်ဆိုတာ မသိဘူး ...သမီးလည်း တောင်းပန်တာပါပဲ appaရယ် ...သမီး
သူ့ဆီက အမုန်းတွေ ကို ခံနိုင်ရည်မရှိတော့ဘူး သမီး စွန့်လွှတ် ..""သမီး သူ့ကို ချစ်လား ..."
Appaရဲ့ ရုပ်တရက် မေးသည့် စကား ....
"အွန်း သမီး သူ့ကို ချစ်တယ် ...စကားလုံးတွေနဲ့ ဖော်ပြမရလောက်အောင် ချစ်တယ် ..."
"Ok appa သိချင် တာ ဒါပဲ သမီး စွန့်လွှတ်စရာ မလိုပါဘူး jennie kim ကို သမီး ပဲ ပိုင်ဆိုင်ရစေ မယ် appa အာမခံတယ် ..."
Lisa မျက်ရည်တွေကို သုတ်လိုက်ပြီး ..
"တကယ်လား Appa ..."
"တကယ်ပေါ့ သမီးရဲ့ ...သမီးက appaရဲ့ အရာရာပဲလေ
သမီး လိုချင်တာဟာကို ဘယ်နည်း နဲ့ မဆို appaက ယူပေးရမှာပဲလေ ""ဟင့်အင်း Appa သမီး အ့လို သူ့ကို နာကျင်စေမယ့် အလုပ်မျိုး မလုပ်ချင်ဘူး ...သမီး သူ့ကို သမီး အစွမ်းအစနဲ့ပဲ
ရအောင် ယူမှာ appa ....appaက ဘေးက နေ ကြည့်ပေး ဖို့ပဲ လိုတာ ဟီး ဟီး ...""ဟုတ်ပါပြီ ...အချစ်ဆုံးလေး ရဲ့ "
........................................................................
"Lisa ရေ သမီး ဒီမှာ သမီး unnieရောက်နေတယ် .."
Omma အသံကြောင့် lisa တယောက် laptop ထဲက
jennieပုံတွေကို အလျင်အမြန် ပိတ်လိုက်သည်။
