"Lili....ဆန်ပြုတ်လေးသောက်ရအောင်နော် ခဏ ထိုင်လို့ရလား .."
Jennie မှာ lisaရဲ့ Dr အဖြစ်နေရသည်။ အစစအရာရာ လိုလေတေးမရှိ အကုန်လုပ်ပေးရသည်။
မနက်လင်းရင် မျက်နှာ သစ်ပေးရသည်။ သူ့လက်တွေ မှ မလှုပ်နိုင်တော့တာပဲ။ဆန်ပြုတ် ခွံကျွေးရသည်။ jennie အမြဲ သူ့ဘေးက မခွာ ညအိပ်ရင်လည်း ..သူ့ကုတင်ဘေးမှာ နောက်ထက် ကုတင်တစ်လုံး ထားခိုင်းကာ တညလုံး ဂရုစိုက်ပေးရသည်။
"ဟင့်အင်း Dr ..ကျွန်မ မသောက်ချင်ဘူး .."
"Liliရယ် နည်းနည်း ဖြစ် ဖြစ် ၀င်အောင်သောက်လိုက်လေနော် ...အစာ ရှိမှ ဆေးသောက်လို့ရမှာလေ မြန်မြန် ပြန်ကျန်းမာ လာမှာပေါ့ ...နောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ရမယ်လေ ."
Lisa ရဲ့ ခြေထောက် ဒဏ်ရာ ကလည်း အတော်ပြင်းသည်ဟု ဆိုရမည်။
"Dr..ကျွန်မကို ဘာလို့ အရမ်းဂရုစိုက်နေတာလည်းဟင် .."
Jennie ပြုံးလိုက်ပြီး ...
"Liliက nini ရဲ့ အချစ်မို့လို့လေ .."
"ဘယ်လို ..."
"ဟုတ်တယ် Lili.က niniရဲ့ အချစ်ပဲ
niniကို ပိုင်ဆိုင်ရမယ့်သူ niniရဲ့ နှလုံးခုန်သံတွေကို မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော သူလေ ..""Sorry ပါ dr ကျွန်မ ဘာမှ မမှတ်မိတော့ဘူး .."
Jennie တယောက် lisaရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ...
"ပြန်မှတ်မိအောင် Nini တို့တွေ ကြိုးစားကြမယ်လေနော် .."
Lisaက jennieလက်ထဲက သူ့လက်ကို ဆွဲ ထုပ်လိုက်ပြီး
"Dr...အရမ်းပင်ပန်းနေပြီမလား အိမ်ပြန်ပြီးနားသင့်ပြီလေ .."
Jennie ခေါင်းရမ်းလိုက်ကာ ..
"ဟင့်အင်း မပြန်ဘူး ...niniက liliဘေးမှာပဲ နေမှာ
လာပါ ဆန်ပြုတ်လေးသောက်လိုက်နော် ပြီးရင် ဆေးထိုးရအုံးမှာ ..""Boo....Dr ဆေးမထိုးဘူးနော် .."
jennie ရီလိုက်ပြီး စိတ်ထဲမှာတော့ သူ့အကျင့်လေးတွေ မပျောက်သေးပါလားလို့ တွေးမိသည်။
"အွန်းပါ မထိုးတော့ဘူး ဆေးလေးနဲ့ ဆန်ပြုတ်လေးတော့ သောက်နော် .."
