ကျောခိုင်းလို့ထားပေမဲ့
အခန်း (၂)"Youngjae အငယ်လေး ဟေ့ကောင် ထတော့ ထတော့ မင်း JBဆီ သွားရအုံးမယ်လေ"
အကိုဖြစ်သူ Jackson၏ လှုပ်နှိုးမှုကြောင့် အိပ်မက်မှ နိုးထလာခဲ့ရသော Youngjae
"သြော အိပ်မက်ပဲ" ဟု တွေးလိုက်ရင်း အိပ်ယာမှ လူးလိမ့်ကာ ထခဲ့လိုက်ရသည်။"မြန်မြန်လုပ် မျက်နှာသစ်ရေမိုးချိုးပြီး ဆင်းလာခဲ့ အောက်မှာ အဖေ စောင့်နေတယ်"
"ဟင် အဖေ ရောက်နေတာလား" အိပ်မှုန်စုံမွှား မျက်လုံးတို့ ပြူးကျယ်ကုန်လျက် မေးလိုက်တော့
"အေး မြန်မြန်ဆင်းခဲ့" ဟု ပြောရင်း Jacksonက အခန်းထဲမှ ထွက်သွားလေပြီ။"ခုမှ တစ်ရက်ပဲတွေ့ဖူးသေးတာလေ အဲ့အိပ်မက်က မက်စရာလား ဘာတုန်းကွာ အိပ်မက်ထဲ ထည့်မက်ရလောက်အောင် first sight မှာတင် ငါ့ကိုစွဲဆောင်သွားခဲ့တာလား ဟာ မသိတော့ဘူးကွာ ဘာပဲဖြစ်ဖြစ် ပခုံးပြင်ကျယ်ကြီးကိုတော့ သဘောအကျသား" Youngjae တစ်ယောက် ရေချိုးရင်းပင် အတွေးများဖြင့် အလုပ်ရှုပ်နေလေသည်။
"ငချွဲ ရေချိုးတာ ကြာနေပြီနော် အောက်ထပ်မှာ အဖေ စောင့်နေတယ်လို့ဆို" Jackson နောက်တစ်ခေါက် ပြန်လာ၍ သတိပေးတော့မှ အတွေးတို့ဖြတ်ကာ မြန်မြန်ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာခဲ့လေသည်။
"အဖေ စောစောစီးစီး ရောက်လာလို့ပါလား သားမျက်နှာလေးကို လွမ်းနေလို့မလား"
အချွဲပြောလေးပြောရင်း စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။
Youngajeနှင့်Jacksonတို့ ညီအစ်ကိုနှစ်ယောက် ကိုယ့်လမ်းကိုယ်လျှောက်တတ်သည့် အချိန်မှစ၍ အဖေဖြစ်သူမှ သီးသန့်ခွဲနေစေခဲ့သည် ဖြစ်ပြီး များသောအားဖြင့် အဖေမှာ သူ့နေအိမ်မှာရှိမနေတတ်ဘဲ ခရီးထွက်နေသည်က များလေသည်။ အလုက်ကိစ္စနှင့် မဟုတ်ပါဘဲ တစ်ဦးတစ်ယောက်ကို ရှာနေဟန်တူသော်လည်း သူတို့ညီအစ်ကို မေးတိုင်း ပြန်ဖြေခဲ့သည်မှာ စိတ်ပြေလက်ပျောက်ဖြစ်သည်တဲ့လေ။ ဘာပဲဖြစ်ဖြစ် အဖေပြန်ရောက်နေ့ ပထမဆုံးတစ်ရက်မှာတော့ သူတို့ညီအစ်ကို နှစ်ယောက်ထံ ထမင်းလက်ဆုံ လာစားတတ်လေသည်။
ယခုလည်း အဖေပြန်ရောက်သည့်နေ့ ပထမဆုံးနေ့၏ Breakfastဝိုင်းလေးနှင့် နံနက်ခင်းကို အစပြုခဲ့ကြလေပြီ။
YOU ARE READING
ကျောခိုင်းလို့ ထားပေမဲ့
Fanfictionထွက်ခွာဖို့အတွက် ကျောခိုင်းရပ်နေတယ်ဆိုရင်တောင် ကိုယ်တို့က စက်ဝိုင်းပေါ်မှာ ရပ်နေကြတာပဲ ဖြစ်ရမယ်။ မျက်နှာမူထားတဲ့အတိုင်း ကျောခိုင်းထွက်ခွာခဲ့တယ်ဆိုရင် စက်ဝိုင်းမျဉ်းအတိုင်း လျှောက်လာခဲ့ တချိန်ချိန်ကျ မလွဲမသွေ ပြန်ဆုံကြမှာပဲ။