ကျောခိုင်းလို့ထားပေမဲ့
အခန်း (၅)"နာမည်က Bam တဲ့ Daddy မိတ်ဆွေတစ်ယောက်ရဲ့သား __Hotelမှာတည်းနေတယ် တနေ့က Accidentဖြစ်ထားလို့ ခြေထောက်ထိထားတယ် သားဖြစ်နိုင်ရင် သွားကြည့်ပေးပါအုံး သူတည်းတဲ့ဆီဖြစ်ဖြစ် သားသွားနေလို့ရရင် နေပေးလိုက်လေ"
Daddy နှင့် ဖုန်းပြောပြီးနောက် သူတစ်ချက်စဉ်းစားလိုက်သည်။
တူညီသောနာမည်နဲ့ တူညီသောနိုင်ငံတစ်ခုကို အလည်ရောက်လာပြီး တူညီသော Accidentဖြစ်တဲ့ Foreigner နှစ်ယောက်ရှိနိုင်ပါ့မည်လား။ Daddyပြောသည့် Bamက Jackရဲ့Bamဆိုတာ သူအတိအကျ သိလိုက်သည်။
အိတ်ကိုကောက်ကိုင်ကာ တံခါးကို ဆွဲဖွင့်လိုက်စဉ်ခဏ ဖြူဖြူလုံးလုံး လက်သီးစုပ်ကလေး သူ့မျက်နှာရှေ့မှာ ရပ်တန့်လျက် ဖောင်းဖောင်းပြည့်ပြည့် ပါးလေးတွေနှင့် မျက်နှာပိုင်ရှင်လေးက သူကို သွားလေးများပေါ်အောင် ရယ်ပြနေလေသည်။
"Youngjae"
"အကို အပြင်သွားမလို့လား ကျနော်လိုက်ခဲ့ပေးမယ်လေ"
"အာ……အင်း လိုက်ခဲ့လေ"
သူ ငြင်းဖို့ ပြင်လိုက်ပြီးမှ ထိုကလေးကို မငြင်းရက်သလို ခေါင်းငြိမ့်လိုက်မိသည်။
"Jackရော မနက်ကတည်းက Hotelလာတာ မတွေ့ဘူး"
"ဒီနေ့ Hotelလုပ်ငန်းရှင်များ အစည်းအဝေးရှိတယ်တဲ့"
သူ့မေးခွန်းကို ဖြေလိုက်ရင်း ကားမောင်သူနေရာ ထိုင်လိုက်သော ထိုကလေးကို ကြည့်ကာ သူလည်းဘေးခုံမှာ ဝင်ထိုင်လိုက်သည်။
"အကို ဘယ်လိုက်ပို့ရမှာလဲ"
ကားလေးကို တလှိမ့်ခြင်း စထွက်စေလိုက်ရင်း သူ့ကိုမေးလိုက်သည်ကို ကြည့်ကာ သူရယ်မိသည်။ မသိလျှင် ထိုကလေးက driverလိုလို ဘာလိုလိုပင်။
"ဘာလဲ Taxi Driverနဲ့ တူသွားလား"
သူ့အတွေးကို သိနေသည့်အလား ပြန်မေးသည့် ထိုကလေးကို အပြုံးနဲ့အတူ ခေါင်းငြိမ့်ပြလိုက်ရင်း
"__Hotel ပြီးတော့ ကိုယ့် အဲ့မှာ နေရမယ်ထင်တယ်"
အစချီကာ Daddyပြောခဲ့သည်များ ပြန်ရှင်းပြလိုက်သည်။
YOU ARE READING
ကျောခိုင်းလို့ ထားပေမဲ့
Fanfictionထွက်ခွာဖို့အတွက် ကျောခိုင်းရပ်နေတယ်ဆိုရင်တောင် ကိုယ်တို့က စက်ဝိုင်းပေါ်မှာ ရပ်နေကြတာပဲ ဖြစ်ရမယ်။ မျက်နှာမူထားတဲ့အတိုင်း ကျောခိုင်းထွက်ခွာခဲ့တယ်ဆိုရင် စက်ဝိုင်းမျဉ်းအတိုင်း လျှောက်လာခဲ့ တချိန်ချိန်ကျ မလွဲမသွေ ပြန်ဆုံကြမှာပဲ။