ကျောခိုင်းလို့ထားပေမဲ့
အခန်း (၃)"ဟင်း ဒီကလေး တကယ်ချစ်စရာလေး ပါးဖောင်းဖောင်းလေးနဲ့"
လက်စွဲတော် ကင်မရာလေးထဲမှ ပုံများကို ပြန်ကြည့်ရင်း JB တီးတိုးရွတ်လိုက်မိသည်။
နန်းတွင်း နန်းတော်ပုံရိပ်များအကြားမှ Youngjaeလေး၏ ပုံများက သူ့ကို အခါခါ ပြန်ကြည့်ချင်လောက်အောင် ဖြစ်နေစေသည်။
"Laptop ထဲထည့်သိမ်းထားရမယ်"
တကိုယ်တည်း ရေရွတ်လိုက်ရင်း Laptopကို လှမ်းယူကာ ပုံများကို လွှဲပြောင်းထည့်နေစဉ် Phone Callတစ်ခု ဝင်လာသဖြင့် JBတစ်ယောက် ဖုန်းကောက်ကိုင်တော့ Daddyပင်။ Vedio Call ဘက်ပြောင်းလိုက်ရင်း
"Daddy… နေကောင်းလား"
"အေး သား Daddy ပြောပြစရာလေးရှိလို့"
"ဟုတ်"
"မင်း သူ့ကို ရှာတွေ့ပြီလား"
"မတွေ့သေးဘူး Daddy"
"ဟုတ်လား ဒါဆို Daddy သတင်းတစ်ခုတော့ ရထားတယ် Daddyထင်တဲ့အတိုင်း သူက မန္တလေးမှာပဲဆိုတာတော့ သေချာသိရပြီ Daddyမင်းဆီ အခုသူနေနေတဲ့ လိပ်စာပို့လိုက်မယ် မင်းသွားရှာကြည့်ပေးပါ"
"ဟုတ် Daddy ဒါနဲ့……"
"ဘာလဲ Daddyဘယ်လို သိတာလဲဆိုတာ မေးမလို့မလား Daddyဘက်ကလည်း ဒီတိုင်းငြိမ်နေမယ်လို့ မင်းထင်နေတာကိုး Daddyလည်း တကယ်တော့ သူ့ကိုရှာနေခဲ့တာပါ Daddyအဆက်အသွယ်နဲ့ Daddyပေါ့"
"ဒေါက်ဒေါက်"
"အကိုရေ ကျနော်ဝင်ခဲ့ပြီနော်"
ရုတ်တရတ် တံခါးခေါက်သံနှင့်အတူ Youngjaeအသံကြားလိုက်ရ၍ Daddyနဲ့ Vedio Callပြောခြင်းကို "Daddy ဒါပဲနော်"ဟူ၍သာ ပြောပြီး အမြန်အဆုံးသတ်လိုက်ကာ
"လာလေ Youngjae"
သူဖွင့်ပေးလိုက်သော တံခါးမှ တိုးဝင်လာသူ Youngjaeလေးက ဘောင်းဘီဒူးဖုံး အသားရောင်လေးနှင့် တီရှပ်အပြာနုလေး ဝတ်ဆင်ထားပြီး ကျောပိုးအိတ်လေးလွယ်ကာ ကြည်လင်ဝင်းပနေသည့် မျက်နှာထက်မှာ မြတ်နိုးဖွယ် အပြုံးနုနုဖြင့် တန်ဆာဆင်လို့ ထားလေသည်။
"အကို ဘာတွေလုပ်နေတာလဲ Laptopတွေနဲ့ဆိုတော့ အလုပ် ရှုပ်နေတယ် ဆိုလည်း ကျနော် နောက်မှ ပြန်လာခဲ့မယ်လေ"
"သြော မဟုတ်ပါဘူး မနေ့က ရိုက်ခဲ့တဲ့ ပုံတွေကို Laptopထဲ ပြောင်းထည့်နေတာ အလုပ်မရှုပ်ပါဘူး ထိုင်အုံးလေ ကိုယ်လည်း Youngjaeလေးကို မေးစရာရှိလို့"
YOU ARE READING
ကျောခိုင်းလို့ ထားပေမဲ့
Fanfictionထွက်ခွာဖို့အတွက် ကျောခိုင်းရပ်နေတယ်ဆိုရင်တောင် ကိုယ်တို့က စက်ဝိုင်းပေါ်မှာ ရပ်နေကြတာပဲ ဖြစ်ရမယ်။ မျက်နှာမူထားတဲ့အတိုင်း ကျောခိုင်းထွက်ခွာခဲ့တယ်ဆိုရင် စက်ဝိုင်းမျဉ်းအတိုင်း လျှောက်လာခဲ့ တချိန်ချိန်ကျ မလွဲမသွေ ပြန်ဆုံကြမှာပဲ။