Part 4

30 5 0
                                    

ကျောခိုင်းလို့ထားပေမဲ့
အခန်း (၄)

နိုးထခြင်းရဲ့ အစဟာ သီချင်းသံကြောင့် ဖြစ်တည် လာခဲ့သည်။ ဘေးဘီသို့ ဝေ့ကြည့်သည့်အခါ Youngjae၏ ဖုန်းဆီမှ ဖြစ်နေသည်မို့ မနိုးသေးသည့် ထိုကလေးကို ကျော်ကာဖုန်းကို လှမ်းယူလိုက်တော့ Jackဆီမှ ဖုန်းပင်။ Youngjaeနိုးမည်စိုး၍ သူလေသံဖြင့် ဖုန်းပြန်ဖြေလိုက်သည်။

"အေး Jack ငါ JB Youngjaeက ငါ့အခန်းထဲမှာ အိပ်နေတုန်းပဲ မင်းညီက"

"ဟာ ဒီကောင်လေး မင်းကို လာဒုက္ခပေးနေတာလား ညကပြန်မအိပ်ပါဘူးလို့ မင်းအခန်းထဲ သွားအိပ်နေတာကိုး နှိုးလိုက်စမ်းပါကွာ"

"အိပ်ပါစေဟ ဘာလို့တုန်း အရေးတကြီးရှိလို့လား"

"အရေးတကြီးတော့ မဟုတ်ဘူး မင်းအနှောက်ယှက်ဖြစ်မှာ စိုးလို့ ဒါမှမဟုတ် ငါလာနှိုးလိုက်မယ်"

"ဟာာာာ နေပါစေဆိုကွာ မင်းကလည်း ကလေးအေးဆေး အိပ်ပါစေ"

"အေးပါ အေးပါ ဒါဆိုလည်း သူနိုးရင် ငါ့ဆီ လွှတ်လိုက်ကွာ"

"Ok Ok"

ဖုန်းပြောလို့ ပြီးသည်ထိ သကောင့်သား အိပ်ပုတ်လေးက မနိုးသေး။ စောင်သေချာ ပြန်ခြုံပေးလိုက်ပြီး ရေချိုးသန့်စင်ရန် ပြင်ဆင်နေရင်း အဆိုပါ အိပ်ယာပေါ်က အကောင်ပေါက်လေးကို တစ်ချက်မျှ ပြန်လှည့်ကြည့်မိပြီး ပြုံးမိလိုက်သည်က ဘာကြောင့်မှန်း သူကိုယ်တိုင်လည်း မသိပါပေ။

ရေချိုးပြီး ထွက်လာချိန်မှာတော့ ထိုကလေးက စောင်ခေါင်းမြီးခြုံလျက် ကုတင်ပေါ်တွင် ခေါင်းငိုက်စိုက်နှင့် ထိုင်နေလေပြီ။ နိုးနေသည်လား ငုတ်တုတ်အိပ်နေသည်လား သူမခွဲတတ်ပါ။ ၎င်းအား ကြည့်ရသည်မှာ ဝါဂွမ်းပုံလေးတစ်ခု ကုတင်ပေါ် ပုံချထားသည်နှင့်ပင် တူ၍နေလေသည်။

"Youngjae Youngjae"
မျက်နှာရှေ့ လက်ဝေ့ယမ်းကာ ခေါ်လိုက်တော့ မပွင့်ချင်သလိုလို မျက်ဝန်းများဖြင့် သူ့ကို ကြည့်လာသည်။

"နိုးပြီလား Youngjae"
ပခုံးလေးကို အသာပုတ်ကာ မေးလိုက်တော့မှ ပြူးကျယ်လာသော မျက်ဝန်းအကြည့်တို့က အထိတ်တလန့်ဖြင့် ဘေးဘီဝဲယာ ကြည့်ကာ

ကျောခိုင်းလို့ ထားပေမဲ့Where stories live. Discover now