အခန်း၁

104 5 0
                                    

သူ့ဟာကြောင်လေးတွေကိုသိပ်ချစ်တယ်...
သူဟာ အရာရာမှာတွေဝေနေတတ်သူတယောက်...
သူဟာအမြဲပျော်အောင်နေတတ်သူတယောက်...
သူဟာ အနုပညာတွေကိုသိပ်ချစ်မြတ်နိုးတယ်...
ထိုအရာကကျမတို့နှစ်ယောက် တွေ့ဆုံဖို့လမ်းစဖြစ်ခဲ့သလို
သူဟာတနေ့မှာကျမဘဝထဲကထွက်သွားလိမ့်မယ်လို့ကျမသိနှင့်နေခဲ့ပြီးသား
အဲဒီလိုဖြစ်အောင်လဲ လုပ်ခဲ့သူမှာလည်းကျမကိုယ်တိုင်ပင်...
အရာရာကိုကိုခပ်ရွဲ့ရွဲ့ပြုကာ လောကကိုချေမိုးနေသူကောင်မလေးတစ်ယာက်အဖြစ်နဲ့ကျမသူနဲ့စတင်သိကျွမ်းခဲ့ပါပေသည် ...သို့သော်ကျမ၏စိတ်ရင်းမှန်ကားထိုသိုမဟုတ်။
အလှည့်အပြောင်းတွေ သစ္စာဖောက်မှုတွေကိုကျမမုန်းသည်...မျက်နှာဖုံးတွေနဲ့ပျော်နေကြတဲ့လူတွေဆက်ဆံကြတဲ့သူတွေကိုကျမမနှစ်သက်...ရင်ဆိုင်ရသောစိတ်ဒဏ်ရာတွေများလှသဖြင့်စိတ်နာချင်သည်...စိတ်နာတတ်ခဲ့သည်...ကျမတွင်ပြောမထွက်ခဲ့သောစကားလုံးများစွာရှိသည်...ယနေ့တိုင်ပင်။
ကိုမြတ်မောင် တဲ့သူနာမည်က
သို့သော်ကျမသည်သူ့အားကိုမြတ်လို့ပဲခေါ်ခဲ့သည် ...
ယနေ့တိုင်လဲသူ့အား ခေါ်နေဆဲ...
ကိုမြတ်မှာသိပ်လှသည့် မျက်ဝန်းတစ်စုံရှိသည်...ထိုမျက်ဝန်းတွေကိုကျမသိပ်မြတ်နိုးသည်...ကိုမြတ်မောင်နဲ့ကျမ...ပန်ချီပြပွဲတစ်ခုတွေစတင်တွေ့ဆုံခဲ့သည်...ထိုအချိန်ကသူအားArtistတယောက်မှန်းကျမမသိခဲ့ပေ။ လွမ်းစရာကောင်းလောက်အောင် အသက်ဝင်သော ရောင်စုံဆေးချက်များကို ကျမတယောက်အံ့ဩစွာ ငေးမောနေစဉ်....ကျမဘေးမှာအသံတခုကြားလိုက်ရသည်။
ထိုအသံကား...ဒီပန်ချီကားဟာသိမ့်လွမ်းစရာကောင်းတယ်ပဲဗျ...ကျတော်တော့ရင်ထဲမှာ တစ်မျိုးပဲဗျာ...ဒီကညီမရော...တဲ့
ကျမလဲ အတွေးနယ်မှရုန်းထွက်ပြီး...သူ့အားလှည့်ကြည့်လိုက်သည်...ဆံပင်ကိုကြက်ပေါင်ကွင်းဖြင့်စီးထားသည်...နှာခမ်းမွှေ့ရေးရေးနှင့် မျက်လုံးမျက်ခုံးတို့က နက်မှောင်နေသည်... သဘာဝအရပေါက်တတ်တော့ ဝက်ခြံကလေးများသူ့ပါးပေါ်တွင်ရှိသည်...ကျတော်နာမည်မြတ်မောင်ပါ...ဒီကညီမကရောတဲ့
မြတ်စန္ဒာပါလို့တိုတိုတုတ်တုတ်ဖြေလိုက်ပြီးပန်ချီးကားတွေသို့ဘက်ပြန်လှည့်နေလိုက်ပေးသည်...
ဒီပန်ချီကားနဲ့ပတ်သက်ပြီဘာခံစားရသလဲညီမ...ဟုကိုမြတ်မှမေးသည်...ဒီအတိုင်းပါပဲ ပြောလိုက်ပေသည်..သို့သော်ကျမလဲသူ့ကဲ့သို့ပန်ချီကားကိုကြည့်ရင်းဝမ်းနည်းနေပေးသည်...
ကျမလဲထို့နေရာမှလှည့်ထွက်သွားကား ...ထပ်၍လိုက်လံလေ့လာကြည့်ရူနေသည်
ပြခန်းထဲတွင်ခင်ကျင်းပြသထားသော အနုပညာလက်ရာများကာစုံလှပေးသည် ...ကိုမြတ်လဲဘေးကထပ်ကြပ်မကွာလိုက်ခဲ့ပေသည်...
စကားတွေပြောလို့မကုန်နိင်မေးလာစစ်လာလုပ်နေသောကိုမြတ်အား..ကျမသည်သူ့မေးခွန်းများဖြေရင်းဖြေရင်း စိတ်တိုတိုနှင့်ဒဲ့မေးလိုက်သည်...ကျမစကားတွေရိုင်းသွားလေသလားမသိ...သူကား သူဟာကျတော်အသက်ဟာ 22 ညီမအသက်က၁၈ပဲရှိမယ် Respect ထားသင့်သောပုံစံနှင့်ပြောလာလေသည်...ထိုအချိန်မှစ၍ ကျမသူ့ကိုစိတ်ဝင်စားသွားခဲ့သည်...အမှန်တကားအားဖြင့် ထိုကဲ့သို့ဖြစ်စရာအကြောင်းမရှိသကဲ့သို့ ...သူအပြောမှာလဲ aromatic မဆန်ပေ....သို့သော်

သူ(He)Where stories live. Discover now