အခန်း ၄

26 3 0
                                    

'Hello ...ဘာလုပ်နေလဲ...စန္ဒာ'
'ဘာကိစ္စလဲ...ဘာပြောမို့လဲ..ဘာမှမလုပ်ဘူး'
'နေကောင်းလား...'
'အင်း' ဆိုသောစကားတိုများထက်ပို၍ ကိုမြတ်အပေါ်
ကျမ ကောင်းကောင်မွန်မွန်ပြောသင့်ခဲ့သည်။အမှန်တွင် ကျမပြောခဲ့သည်။ နှုတ်မှပြောသံ စိတ်မှပြောသံတို့သာကွာခဲ့သည်။ တခါတလေ ကျမတို့နှစ်ယောက်သိပ်စိတ်ကူးယဉ်ဆန်သည်။ သီချင်းတွေနှင့်စကားပြောကြသည်။ကိုမြတ်သည်သူ့ ကျမအားပြောစရာရှိသော စကားတို့ကသီချင်းတွေနှင့်ပြောသည်။ကျမလဲထို့အတူပင်...။ချစ်သူတွေလဲမဟုတ်...သူငယ်ချင်းတွေလဲမဟုတ်ပေ။ ကျမက ကိုမြတ်အား 'သူငယ်ချင်းတွေပဲလေ'ဟုပြောတိုင်း 'No , perfect stranger 'လို့သာသူအမြဲဖြေသည်။ အချိန်တိုင်းသူရှိဖို့အတွက် ကျမလက်မှဖုန်းကိုမချတော့ပေ။ သူကတောင်ကြီးသား...ကျမန်းလေးသူ ....ထိုသို့ဝေးကွာနေမှုအတွက်...ဖုန်းဖြင့်နေ့တိုင်းအလွမ်းဖြေခဲ့သသည်။ကိုမြတ်သည်ကျမအား'လွမ်လား'ဟုမေးတိုင်း'သတိရပါတယ်' ဟုသာဖြေခဲ့သည်။ကျမကိုယ်ကျမ လိပ်ပြာမလုံခဲ့ပါ။ နေ့ရက်တိုင်းလွမ်းမိသည်။မျှော်မိသည်။သို့သော် မိန်းမတယောက်ဖြစ်သည့်အလျောက် မာနဖြင့်သိုဝှက်ထားခဲ့သည်မှာ နောက်တချိန် ကျမအသည်းကိုပြန်ခွဲလိမ့်မည်ဟုသံယဝင်မဝင်ခဲ့မိပါ။ မာနထက်ကြောက်နေခဲ့ချင်ကို ကိုမြတ်တနေ့နားလည်နိင်ဟု ယုံကြည်မိသည်။ ကျမနဲ့ဝေးဝေးနေပါ...ကျမဟာဘယ်သူကိုမှ...သံယောဇဉ်မတွယ်ချင်ဘူး...သံယောဇဉ်ကြောင့်ချစ်လာရမဲ့ နာကျင်ခြင်းကိုကျမကြောက်တယ် ဟုပြောလိုက်တိုင်း သူငြိမ်သက်နေခဲ့သည်။ ထွက်သွားဟုပြောတိုင်းသူ ထွက်မသွားခဲ့ပေ။ ကျမသည် ..သူရှေ့တွင်သာ...ထိုသို့သော စကားလုံးပြောထွက်ခဲ့သော်လည်း သူ့ကွယ်ရာတွင် နှလုံးသားအစုံကြေကွဲရသည်ကို သူမမြင်ခဲ့လေ့သလား....တမင်မသိချင်ယောင်ခဲ့လေး ဆိုတာကတော့  ကိုမြတ်ကိုယ်တိုင်ပဲသိလိမ့်မည်...
နေ့တိုင်းနေ့တိုင်း ဖုန်းအကြာကြီးပြောခြင်း vedio ခေါ်၍ ဘာစကားမှမပြောဘဲတယောက်နှင့်တယောက် ထိုင်ကြည့်နေခြင်ရဖြင့် ကုန်ဆုံးစေသည်...ကျမပျော်သည်
သို့သော်ထုတ်မပြခဲ့ပေ။
အနေဝေးသော်လည်း vedio callဖြင့်ရုပ်ရှင်တူတူကြည့်ဖြစ်သည်...ပုံပြင်တူတူနားထောင်ဖြစ်ည်...သီချင်းအတူတူပြိင်ဆိုကြသည်။သူပျော်လားမေးတိုင်း 'အင်း'လို့ဖြေခဲ့သည်။ ကျမအတွက်တော့သူဟာ ပျောက်ဆုံးနေသောနံရိုးတစ်ချောင်းဖြစ်နိင်တယ်လို့တွေးမိတိုင်း ထိုအတွေးထဲကရုန်းထွက်ခဲ့သည်...သို့သော်မလွှတ်မြှောက်ခဲ့ပေ။
သူ့ခရီးစဉ်တွင်သူတွေ့ရသောအလှပဆုံးရူခင်းတွေအားvedio callမှတဆင့်ကျမမြင်တွေ့ရသကဲ့သို့ သူသည်လဲဤသိုပင်တွေ့ရသည်။
နေဝင်ချိန်လဲ sun setတူတူကြည့်ဖြစ်သည်။နှစ်သစ်ကူးလဲအတူရှိသည်။ဘယ်သွားဘာလုပ်တယ်ကအစ ကျမအကုန်သိရသကဲ့သို့သူသည်လည်းထိုကဲ့သို့ပင်။တခုကားအရာအားလုံးသည် vedio callလေးမှသာဖြစ်သည်။
သူမန်းလေးရောက်လာခိုက် ကျမတို့ နန်းတွင်းထဲတွင်လည်ပတ်ကြသည်။ ကျမအိတ်တွေကအစကိုင်ပေးသည်။ ခေါက်ဆွဲတူတူစားသည်။ နေပူ၍ချွေးပြန်နေသော ကျမအား သူ့ဆောင်သော ဦးထုပ်လေးပေး၍ အပူဒဏ်မှ ကာကွယ်စေသည်။ သမိုင်းကြောင်းရှင်းပြ၍မှားသောအခါသူကလိုက်စသဖြင့် သူအား ကျမစွဲဆိတ်ကာ ရိုက်လိုက်ပါသေးတယ်...။ဇွန်းမပါသောရေခဲမုန့်ကိုတူတူစားကား တစ်ယောက်နဲ့တယောက်ကြည့်ရယ်ဖူးသည်...သူ၏ Mandalay tripမှတ်တမ်းအတွက် photographerကာ ကျမပင်ဖြစ်သည်။ မျော်စင်ထိသူလက်ဆွဲ၍တူတူတတ်ဖူးသည်...pizzaအတူစားဖူးသည်...စိတ်ကောက်ဖူးသည်....

သူ(He)Where stories live. Discover now