အခန်း၆

21 1 0
                                    

ကိုကိုလို့ခေါ်ကြည့်ပါလား ဟု ကိုမြတ်ထံမှ တခါကြားဖူးသည်။ ဟာ ကိုမြတ်မရှက်ဘူးလား ဘာကိစ္စနဲ့ခေါ်ရမလဲ ဘာမှလဲမဆိုင်ဘဲနဲ့ ဟုပြောပြီး ကျမမျက်နှာ ပန်းသီးရဲရဲကြီးကဲ့သို့.နီရဲလာသည်ကို မြင်ပြီး သူရယ်ဖူးသည်။ ကျမရင်ခုန်သံ မြန်သထက်မြန်ဖူးသည်။
ကိုမြတ်နှင့်ပတ်သက်သမျှ အကြောင်းအရာတို့ကို ကျမ၏အလွန်ခင်မင်ရသော သူငယ်ချင်းတယောက်ထံတွင်အကုန်ပြောပြဖူးသည်။ရင်ဖွင့်ဖူးသည်။အနိင်ရသူသမား ပြောပြသည်။ကိုမြတ်ကို ကျမဘယ်လောက်ချေမိုးနေကြောင်းပြောပြတိုင်း သူငယ်ချင်းထံမှ နင်ဒီလိုကြပ်ကြပ်သူနင့်ဆီကထွက်သွားမှာ ဟုပြောတိုင်း ကျမဟပ်ဟပ်ပတ်ပတ်ရယ်ကာ သွားလေ သွားပေါ့ ငါကဘာလုပ်ရမှာလဲ ထွက်သွားလေကောင်လေးဟု သာပြောခဲ့သည်။တခါတခါတွင်ကျမသူငယ်ချင်းထံသို့ ကိုမြတ်ကိုကျမဘယ်လောက်သဘောကျနေကြောင်း ချစ်မိနေကြောင်း ကိုမြတ်အား မိန်းကလေးတွေကို Respect ရှိကြောင်း ကျမအပေါ်အသေးအဖွဲ့ကအစကရုစိုက်ကြောင်း ကြည်ကြည်နူးနူးနှင့်ပြောဖူးသည်။ ကိုမြတ်နှင့်ကျမကြားတွင်ရှိသော memory များကို နောက်တချိန်တွင်အမှတ်တရအဖြစ်ပြန်ဖတ်နိင်ရန်အတွက် စာအုပ်ရေးချင်ကြောင်း သူဟာသိပ်တော်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်ကြောင်း ရေးချင်ခဲ့သည်။ တကယ်တွင်လဲအိပ်မပျော်သောညများတွင် ဒိုင်ယာရီအဖြစ်ပြန်ရေးကာ တစ်ချိန်တွင် စာအုပ်ထုတ်ချင်သည်ဟု စိတ်ထဲတွင်ဖြစ်ပေါ်ဖူးသည်။ ကျမသူငယ်ချင်းထံသို့လဲ စာများပြဖူးသည်။ စန္ဒာကြည့်ရတာ ပျော်နေသလိုပဲဟု ကျမသူငယ်ချင်းမှမေးတိုင်း အင်း...ကိုမြတ်ကြောင့်ဟုသာဖြေခဲ့သည်။သို့သော် ထိုအချိန်ထိ ကိုမြတ်နှင့်ကျမချစ်သူတွေမဟုတ် သကဲ့သို့သူငယ်ချင်းတွေလဲမဟုတ်ပေ...
အမြဲသူပြောနေကျဖြစ်သော perfect stranger ပင်....
ကျမနှင့်ကိုမြတ်အတော်ပင်ရင်နှီးနေပြီဖြစ်သည်...သူသည်လဲကျကိုသဘောကျနေမည်ဟုထင်မိသည်။ဘဝဟာ နာကျင်စရာတွေများမှန်းတခါတလေ တွေးကာ ကြေကွဲသည်။သိစိတ်မသိစိတ်နှစ်ခုကြားတွေ အကြောက်တရားတို့ကမသိစိတ်ဘက်မှကူ၍သိစိတ်ကိုဖျောက်ဖြတ်ချင်နေသည်။ကိုမြတ်ကို တနေ့ကျရင် ပုဂံဘက်က ဆံရစ်ဝိုင်းနဲ့ကလေးတွေရှိသောရွာကိုလိုက်ပို့ပေးမချင်သည်။ကိုမြတ်အဲ့ကျရင် မြန်မာရိုးရာဓလေ့ကိုလေ့လာလို့ရတယ် ဟုသူထံပြောပြီး ကျမတခါပျောက်ဖူးသည်။ ဖုန်းတွင်ပိတ်ထားဖူးသည်။ internet တွေဖြတ်တောက်ထားဖူးသည်။ သို့သော် ကိုမြတ်ထံမှ စိတ်ပူသံတွေ မရမကဖုန်းခေါ်ထားပုံတွေ လိုက်ရှာနေပုံတွေ ကျမတွေ့ဖူးသည်။သို့သော်ကျမကား သူ့အပေါ်သွေးအေးစွာနှင့်ချေနေဆဲ....ချေမိုးနေဆဲဖြစ်သည်။ပျော်စရာများစွာနှစ်ယောက်သာပြောရင်းကိုမြတ်ဟာ စန္ဒာအပေါ်ဘာလို့တွယ်ကပ်နေရတာလဲ...ကိုယ့်ဘာသာနေပါလား...ကိုမြတ်စန္ဒာကြောင့်ခံစားရတာမကြည့်ချင်ဘူး...စန္ဒာ ဘယ်သူကိုမှဒုက္ခမပေးချင်ဘူးဟုပြောတိုင်း ကိုမြတ်ထံမှ တခါတလေတော့စိတ်မကောင်းဖြစ်မိတယ် ဒါပေမဲ့ အဆင်ပြေပါတယ် ကိုမြတ်နေနိင်တဲ့အထိစန္ဒာဘေးမှာနေချင်သေးတယ်ဟုသာ။ ဒါဆိုရင်တော့ဖြင့် ကိုမြတ်ဟာ တနေ့မှာ စန္ဒာကိုခွဲသွားမှာပေါ့ ဟုတ်လားဟုမေးတိုင်း သူဆီမှဖြေသံမကြားရ ။စကားလမ်းကြောင်းလွဲကာနေတတ်သည်။ သူနှင့်ကျမဝေးရတော့မည်လား...

သူ(He)Where stories live. Discover now