အခန်း၂

52 4 0
                                    

ကိုမြတ်နှင့်ကျမ Plaza တစ်ခုတွင် ဒုတိယအကြိမ်ပြန်ဆုံပေသည်။ဤတခါတွင်တော့ကျမကပင်ကိုမြတ်မောင်မလားဟုစ၍နှုတ်ဆက်လိုက်သည်။ကိုမြတ်မောင်သည်ချိုသာသောအပြုံးနှင့်ပြန်နှုတ်ဆက်ကာစာအုပ်လာဝယ်သလားဟုမေးသဖြင့် ဟုတ်ပါသည်ဟုသာဖြေခဲ့သည်။ ထိုနေ့ plaza မှနေ့လည့် သုံးနာရီကျော်တွင်အိမ်သို့ပြန်ရောက်ခဲ့ညည်။ခြေကုန်လက်ပန်းကျကာမောမောနှင့်ကျွန်မလဲဝယ်လာခဲ့သမျှစာအုပ်နှင့်ပစ္စည်းအချို့ကို အန်တီညွှန့်အားပေးကာ အိပ်ခန်းထဲတွင်အနားယူကာ အိပ်ပျော်သွားခဲ့သည်။ ကျမအိပ်ရာမှနိုး၍နာရီကိုကြည့်လိုက်မိသည် ၆နာရီထိုးနှင့်နေပြီဖြစ်သည်။ အိပ်ရာမှထကာရေချိူးခန်းထဲတွင်ရေချိုရင်းနေ့လည်ကတွေ့ခဲ့တော့ကိုမြတ်မောင်အကြောင်းအား စဉ်းစားမိသေးသည်။သို့သော် အန်တီညွှန့်မှထမင်းစားရန်လာခေါ်နေသဖြင့်အတွေးကိုဖျောက်ကာရေအမြန်ချိုးခဲ့ပြီးအိမ်အောက်ထက်သို့ဆင်းလာခဲ့သည်။ ထမင်းစားပွဲတွင်ကျမအကြိုက်ပုဇွန်ဟင်းကို ချက်ထားပေးသဖြင့်အားရပါးရ စားပြီအန်တီညွှန့်အား ပန်ကန်တွေကူဆေးပေးသည်။ ထို့နောက်အန်တီညွှန့်နှင့်အတူ ရုပ်ရှပ်ကြည့်ရင်းပျင်းလာသဖြင့် အခန်းထဲသို့ပြန်လာကာ ဖုန်းကိုကောက်ကိုင်လိုက်ပေသည်။ အမှန်စင်စင် ကျမသည် Facebook မှလာအပ်တော့friend request များကိုကြည့်တတ်သည်မဟုတ်။သို့သော် notification တတ်လာသဖြင့်ဝင်သဖြင့်ဝင်ကြည့်လိုက်တယ်...ကိုမြတ်မောင်...ကိုမြတ်မောင်စစ်စစ်....ကျမသည် သူaccount အားaccept လုပ်လိုက်ပြီးသူProfile ထဲဝင်ကြည့်လိုက်သည်။
Live in တောင်ကြီးတဲ့...
Messenger မှ ကိုမြတ်မောင်မှ ကျမmydayတင်ထားသောထီးလက်မှတ်နှင့်ပတ်သက်၍Reply ပြန်သွားသည်။ အကိုလဲထီးထိုးထားတယ် အနည်းဆုံး50000လောက်ရရင်ဖြင့်ကောင်းမှာဆိုသောစာကိုတွေ့သည်။ကျမလဲ သူအားမမေးဘဲဖြေနေတယ် ဆိုသောပုံဖြင့် ဘုကလန့်ပြန်ရေးပြီးပို့လိုက်သည်။ဤသို့ဖြင့် တနေ့တနေ့ နေကောင်းလား စားပြီးလား မှစကာ ယခင်ကထက် တဖြေးတဖြေး ခင်မင်ရင်းနှီးလာခဲ့သည်။
ကျွန်မမိသားစုအကြောင်းမေးတိုင်းကျမမဖြေ။
ဖြေသော်လည်း အကြမ်းမျဉ်းလောက်သာပြောပြခဲ့သည်။
သို့သော်သူနဲ့ကျမ ၏ အကြောင်းများသည် တော်တော်တူတူသည်။
သူသည် 3ရက်နေ့တွင်မွေးဖွားသူခဲ့ဖြစ်ကြောင်း
အိမ်တွင်အကြီးဆုံးသားဖြစ်ကြောင်း
electrical နှင့်ဘွဲ့ရတော့မည်ဖြစ်ကြောင်း
ဆုံနေအောင်ပြောပြပေးသည်။ သူ့ပြောစကားတွေကိုနားထောင်ရင်သူ့မျက်ဝန်းတွေကိုသာငေးကြည့်နေမိသည်။
အမှန်တွင် ကျမသည်လည်း electrical နှင့်ဘွဲ့ရမည်သူဖြစ်သည်။သူမသည်လဲအကြီးဆုံးသမီးဖြစ်ပေးသည်။သို့သော် 3ရက်နေ့တွင်မွေးဖွားခဲ့သူမှန်းကိုတော့သူမသိခဲ့ပေ။ကျမသည်လည်မပြောပြခဲ့ပေ။ ကျမသည်
ကိုမြတ်အား ပန်းချီတွေဆွဲတာပေါ့ ဟုမေးသည့်အခါတိုင်း ကြည့်ပေါ့ဟုသာဖြေ၍ အဆွဲပေးခိုင်းချင်တာလားဟုမေးပြန်ပေသည်။ 'ဟင့်အင်' တစ်လုံးသားဖြေခဲ့သည်။သူပန်းချီဆွဲသည်....အဲ့ဒီတစ်ချက်ကြောင့်ပဲကျမသူ့ကို ခင်မင်ခဲ့ချင်သာဖြစ်သည်။ ပန်ချီးဆရာတွေအနုပညာသမားတွေ ဟာသိမ့်နှလုံးသားနုညံ့တယ် စိတ်ထားဖြူကြတယ် ပြောတိုင်းကိုမြတ်က ကျေးဇူးတင်ပါသည်ဟုသာဖြေခဲ့သည်။ သူကိုကျမတနေ့ထက်တနေ့ပိုမိုခင်မင်လာခဲ့သည်။သူသည်လဲထိုသို့ဖြစ်မည်ဟုကျမ ထင်မိသည်။ကျမ၏ conversation တွင်သူအမြဲရှိနေသကဲ့သို့သူသည်လည်းထိုကဲ့သို့ပင်.....ဖြစ်ပါစေဟုဆုတောင်မိခဲ့သည်...

သူ(He)Where stories live. Discover now