အခန်း၉

15 0 0
                                    

အဲဒီနေ့ အဲဒီနေ့ပေါ့ သူ့ထံမှ Are you happy?ကျမလဲ ပြန်ဖြေခဲ့တယ် Yesပေါ့။ကိုမြတ်ဆက်ပြောတယ် I wanna make you happy forever တဲ့ ကျမပျော်တယ်။ရင်ခုန်တယ်။ပြီးတော့ ငိုချင်တယ်။ကျမဘယ်လောက်ချစ်နေမိကြောင်းသူလဲသူသိရင် သူငိုလိမ့်မယ်။ကျမလဲငိုနေခဲ့တယ်။ရှင်လဲကျမကိုခံစားမိရင်ငိုမိမှာပဲ။ဒါပေမဲ့ ကျမYesလို့ ပြန်ပြောရမဲ့အစား စောင့်ကြည့်ပါဦးလို့သာပြောထွက်ခဲ့တယ်။သူကတစ်ခွန်းပဲ Okတဲ့။ပြီးတော့ကျမကိုကျမပြန်မေးလိုက်တယ် ကိုမြတ်ကကျမကိုချစ်တယ်လိုပြောချင်တာလား... ဒါမှမဟုတ်သာမန်ပဲလားလို့ပေါ့။နောက်နေ့မနက်ကျ ကျမခင်တဲ့ချစ်ရတဲ့ရင်နှီးရတဲ့ သူငယ်ထံပြောပြလိုက်တယ် ကိုမြတ်ကငါ့ကိုဒီလိုပြောတယ် ပေါ့ သူကတော့တခွန်းပဲပြောတယ် သူကနင့်ကိုဒီတိုင်းပျော်စေချင်တာပါတဲ့ ကျမမယုံဘူး ။ကျမသိတယ် ကိုမြတ်ကျမကိုချစ်တယ် ။သူချစ်နေတယ်...ကျမသေချာမသိပေမဲ့...ခံစားမိနေတယ်။
ကိုမြတ်နဲ့ကျမလဲ ဒီလိုနဲ့အချိန်တွေကုန်လာတယ်....ခုထိသူငယ်ချင်းမဟုတ်....ချစ်သူမဟုတ်....မေးလိုက်တိုင်းperfect stranger တဲ့။ကျမမှားလား ကျမမှားလား။ကျမသူ့အပေါ်ထားတဲ့ချစ်စိတ်တွေမျိုသိပ်ပြီး ချေမိုးနေရတာရော ကျမပျော်တယ်လို့ ထင်နေလား။ကျမမပျော်ပါဘူး။မပျော်ရင်ဘာလို့လုပ်နေလဲမေးရင်....ကျမှာပြန်ဖြေဖို့မရှိဘူး။ ကျမကြောက်တယ် နာကျင်ရတယ်ချစ်မိပြီဆိုတာနဲ့ ချစ်မိတဲ့သူဟာအရှုံးပဲ။ခုကြည့်ပါလား...ကျမရှုံးနေပြီ....
ကိုမြတ်ကိုကျမသိပ်ခင်တွယ်နေမိပြီ။သူနားမှာနေတာကိုသဘောကျတယ်...သူကိုစကားလုံးတွေနဲ့ထိုးနှက်ရတာကိုကျမ မကြိုက်ဘူးဒါပေမဲ့လုပ်နေမိတယ်...။ကျမမလုပ်ရက်ပါဘူး...မလုပ်ချင်ပါဘူး....လုပ်နေမိတာပါ..
ကိုမြတ်...စန္ဒာ့ရဲ့အရင်ကောင်လေးဟာ စန္ဒာဆီပြန်လာနေတယ်...သိပ်စိတ်ညစ်တယ်...ရှိတုန်းကတန်ဖိုးမထားဘဲနဲ့လေ..ခုမှဆိုပြီး ကျမငိုင်တိုင်တိုင်ဖြစ်နေတာကိုသူကြည့်ပြီးတော့ ဘာလဲ လွမ်းနေတာလားတဲ့ ကျမမှာရှင်ရှိနေတာကိုကျမကဘာလို့လွမ်းရမှာလဲလို့ပြောမဲ့အစား အင်းတခါတလေတော့လဲ လွမ်းမိသားပဲ လို့ဖြေတော့ ကိုမြတ်ထံမှ အကို့ကိုကျသတိရတယ်လို့ပဲပြောတယ်....သူကျလွမ်းတယ်တဲ့လားတဲ့....
ကျမသူ့ကိုကြည့်ပြီး တခစ်ခစ်နဲ့ရယ်နေမဲ့ပဲငိုချင်နေတာသူသတိမထားမိဘူးထင်ပါရဲ့....
ကျမဟာ သားကောင်လား လေးပစ်သူမုဆိုးလားမသဲကွဲတော့ပါဘူး ဟော့ကြည့် သူချစ်တဲ့ကြောင်ပုံလေးတွေကြည့်ပြီး သူဆီက အဖက်လုပ်မှုကိုလဲ မျော်နေပြန်တယ်....
သဝန်တိုတယ်...အားငယ်တယ်...သူဘေးကကောင်မလေးတွေလို ...သူ့ကြိုက်တဲ့ marvel တွေEDMအကြောင်းတွေကျမမှမပြောတတ်တာ...
ကျမကြိုးစားခဲ့ပါသေးတယ်....ဒါပေမဲ့အဲ့ကြိုးစားမှုဟာ အရာမထင်ခဲ့ဘူးလေ...
သူရောကျမကိုလွမ်းနေမလား....ကျမတော့သူ့ကိုတနေ့မှမေ့မရသေးဘူး....ဆိုးရွားလိုက်တဲ့အသဲကွဲမှု

You've reached the end of published parts.

⏰ Last updated: Nov 11, 2019 ⏰

Add this story to your Library to get notified about new parts!

သူ(He)Where stories live. Discover now