( ပထမဆုံးအကြိမ်အဖြစ် စတင်တွေ့ဆုံကြခြင်း)
အခန်း (တစ်)
နာမည်ကြီးတက္ကသိုလ်တခုမှာဒီနှစ်ရဲ့ ပထမနှစ်ကျောင်း
သားသုံးယောက်အတွက် သီးသန့်စာသင်ခန်းထား
ပေးလိုက်တဲ့ ကိစ္စဟာ စိတ်ဝင်စားခံရမှုအများဆုံး သ
တင်းခေါင်းစဉ်တပုဒ်ဖြစ်နေသည် ။ ဒီတက္ကသိုလ်ရဲ့
ပါမောက္ခ ဂျုဟာ ဒီသတင်းအတွက် မှားယွင်းကြောင်း
ပ်ြန်လည်ဖြေရှင်းခြင်းမရှိသလို ဘာမှပြောကြားလာခြင်း
မရှိဘူး ။ ဒီသတင်းက ဒီတက္ကသိုလ်အတွင်းက ကျောင်းသားတွေကို သာမက ကျောင်းသား
မိဘတွေအထိပါ စိတ်ဝင်စားပြီး အပြောများနေခဲ့
သည် ။တခြားတက္ကသိုလ်တွေအထိပါ စိတ်ဝင်စားမှု
မြင့်တက်နေသည် ။ဒီ ကျောင်းသား သုံးယောက်က ဘယ်သူ
တွေမို့လို့လဲ ။ သူတို့ရဲ့နောက်ခံအင်အားက သိပ်ကို
ကြီးမားကြောင့် လူတိုင်းက အတပ်သိသွားခဲ့ကြသည်။
အဲ့ဒီနောက် ကန့်ကွက်ခြင်းတစုံတရာ မရှိကြတော့ဘူး။ဒီနှစ်ရဲ့ ၁၂လပိုင်း ၁ရက်နေ့ ။ တက္ကသိုလ်တိုင်းက စာ
သင်နှစ်တနှစ်ကို ပြန်လည်စတင်ကြတဲ့အချိန်အခါ ။
နာမည်ကြီးတက္ကသိုလ်ဝန်းအတွင်းကို ဝင်သွားလိုက်
တာနဲ့ ပျားပန်းခတ်သွားလာနေတဲ့ ကျောင်းသား/သူ
တွေ အများအပြားကို တွေ့နေရသည် ။ စာသင်ခန်း
တွေဘက်မှာ ပျံ့ လွင့်နေတဲ့ အသံထုတ်လွင့်မှူအစီ
အစဉ်တခု ။အပြုံးကိုယ်စီနဲ့ တက်တက်ကြွကြွပြန်လည်
စတင်ခဲ့ကြတဲ့ စာသင်နှစ်ရဲ့ ပထမဆုံးတရက် ။ တူညီ
ဝတ်စုံတွေနဲ့ စရိုက်မျိုးစုံ ကျောင်းသားတွေက တစ်
ယောက်နဲ့တယောက် ရယ်ရယ်မောမော စနောက်ကြ
ပြီး လက်ချင်းချိတ် ၊ ပုခုံးဖက်လို့ သွားလာနေကြသည်။" အဲ့တာက သီးသန့်စာသင်ခန်းက သုံးယောက်ပဲ " တဲ့ ။
ကျောင်းသားတယောက်ရဲ့ အော်ပြောလိုက်သံက အကုန်လုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး အလုအ
ယက် တိုးဝှေ့ ကုန်ကြတော့ စုဝေးသွားတဲ့လူအုပ်ကြီး
ဖြစ်သွားတော့သည် ။ ကားတွေတစီးပြီးတစီး တန်းစီ
ဝင်လာကြတော့ စုအုံနေတဲ့ ကျောင်းသား / သူတွေဆီ
က တအံ့တသြဆူညံသံတွေက တစတစ ပိုပြီး ကျယ်
လောင်လာတယ် ။