( ငါ မင်းနဲ့ မပတ်သက်ချင်ဘူး )အပိုင်း ( နှစ် )
"အနမ်းအတွက် ကျေးဇူးပဲ အဲ့ဒီအတွက် ပြန်ပေးမှာပါ "
လှမ်းအော်ဟစ်ပြောသံကြောင့် ခြေလှမ်းတွေကို ခပ်
မြန်မြန်လှမ်းကာ ထိတ်လန့်စိတ်တွေနဲ့ ထွက်ပြေးလာခဲ့
မိသည် ။အာမေဋိတ်သံတွေ ၊ လှောင်ရယ်သံတွေ အော်
ဟစ်အားပေးလက်ခုပ်လက်ဝါးတီးသံတွေကို နားနဲ့
ဆတ်ဆတ်ကြားခဲ့ရပြီး ကြောက်ရွံ့ စိတ်တွေက ကြီး
ထွားလာသည် ။ သန့်စင်ခန်းထဲကို ပြေးဝင်လာခဲ့လိုက်
ပြီး အခန်းတခန်းတံခါးကို ကမန်းကတန်း ကောက်ဖွင့်
ပြီး ထိုင်ချလိုက်မိသည် ။ အဲ့ထိ ကြောက်ရွံ့ မှူတွေက
အစပြန်ဖော်ခံသလို ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ရီ
နေသည် ။ မျက်လုံးအိမ်က မျက်ရည်တွေက ပါးပြင်ပေါ်
စီးကျလာပြီး မေးစေ့ကနေ သွယ်ဆင်းကုန်တော့သည်။တုန်ရီနေတဲ့ လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေမိ
ပြီး အောက်နူတ်ခမ်းကို သွားနဲ့နာနာ ဖိကိုက်ထားမိ၏။ကျေးဇူးပြုပြီး ငါ့ကိုဒီလိုလာလာမလုပ်ကြပါနဲ့ ။ ငါ့ကို
ဘယ်လောက်ထိ မှန်းနေကြလို့ ဒီလောက်ထိ ဆိုးဆိုး
ရွားရွား ကိစ္စကို လူတွေအများကြီးရှေ့မှာမှ ဘာလို့...။နာရီဝက်လောက် အိမ်သာထဲမှာ ထိုင်နေခဲ့ပြီး စိတ်တွေ
တည်ငြိမ်သွားတော့မှ မရှိတော့တဲ့ မျက်မှန်လေးကို သ
တိတရရှိသွားတော့သည် ။ မျက်မှန်မရှိတော့ အဆင်မ
ပြေတာမို့ ခပ်လှမ်းလှမ်းကိုတောင် ကောင်းကောင်းမမြင်
နိုင်ဘူး ။ မဖြစ်ဘူး ။ ငါ့မျက်မှန်ကို သွားရှာရမယ်ဆိုတဲ့
စိတ်နဲ့ သန့်စင်ခန်းထဲက ထွက်လာခဲ့ပြီး အဲ့ဒီနေရာကို
ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။စာသင်ချိန်တွေ ပြန်စနေပြီမို့ ဘယ်သူမှမရှိတော့တဲ့ အဲ့
ဒီနေရာကြောင့် ဂနာမငြိမ်ဖြစ်နေတဲ့ မျက်လုံးတွေက
ငြိမ်သက်သွားသည် ။ မြက်ခင်းပြင်ပေါ် ခေါင်းငုံ့ပြီး
လိုက်ရှာကြည့်ပေမဲ့ ရှာမတွေ့ဘူး ။ သေချာပေါက် ဒီ
နေရာမှာပဲ ကျန်ရစ်ခဲ့မှါနေတာပါ ။
![](https://img.wattpad.com/cover/203389644-288-k161242.jpg)