တက္ကသိုလ်၏ ထိပ်တန်းအကျော်အမော လူဆိုးကောင်
လေးသုံးယောက်က ပါမောက္ခရဲ့ ရုံးခန်းထဲ ရောက်နေ
တာတောင် ကြောက်စိတ်က မျက်နှာထက်မှာ လက်
သည်းခွံလေးလောက်တောင် ရှိမနေကြဘူး ။ မနေ့က
ကျောင်းသားနှစ်ယောက်ကို ထိုးကြိတ်တဲ့ မြင်ကွင်းကို
စီစီတီဗွီကနေ တဆင့်ကြည့်နေကြရင်း အိုဆယ်ဟွန်းရဲ့
လက်ဆကိုကြည့်ပြီး ပါမောက္ခဆရာမကြီးရဲ့ လက်
ထောက်ဖြစ်တဲ့ ဆရာတယောက်ကတောင် မျက်နှာ
တပြင်လုံး ရှုံ့ မဲ့နေလေပြီ ။ စီစီတီဗွီထဲက အိုဆယ်ဟွန်း
ရဲ့ ဝမ်းဗိုက်တည့်တည့်ကို ခပ်ပြင်းပြင်း ခြေချက်ကန်
ကြောင့် အဲ့ဒီဆရာမှာ သူ့ဗိုက်ကိုအကန်ခံလိုက်ရသည့်
နှယ် ရှုံ့ တွသွားကာ ယောင်ယောင်မှားမှားနဲ့ သူ့ဗိုက်
ကို သူပြန်ဖိလိုက်မိသည့်အထိ ။စီစီတီဗွီက အဖြစ်အပျက်ကို အစအဆုံးထိ အသေးစိတ်
ကြည့်ပြီးတော့ ဆရာမကြီးက သက်ပြင်းရှည်တချက်ချ
လိုက်ကာ သူတို့မဟုတ်သလို မျက်နှာပြောင်ပြောင်နဲ့
အေးဆေးလာထိုင်နေတဲ့ ကျောင်းသားသုံးယောက်ကို
အကဲခတ်လိုက်သည် ။ သူမကိုပင် ကြည့်ပြီး ပြန်ပြုံးပြ
နေတဲ့ ပတ်ဂျင်ဝူးဆိုတဲ့ ကျောင်းသားလေးကြောင့်မျက်
နှာလွှဲလိုက်ကာ ခေါင်းခါယမ်းမိသည် ။" ဒါ ပထမဆုံး ခေါ်သတိပေးတာပဲ နောက်တခေါက်
ထပ်ရှိလာရင် မင်းတို့မိဘတွေကို ခေါ်ရလိမ့်မယ် "" ဟင် ဒါဆို ဒီတခေါက်က မိဘမခေါ်သေးဘူးပေါ့"
စိတ်ပျက်တကြီး ညည်းတွားလိုက်တဲ့ ဂျင်ဝူးကြောင့်
ဆရာမကြီးရဲ့မျက်လုံးတွေ နှစ်ဆလောက် ပြုးကျယ်
သွားတော့သည် ။ သူမ နဘေးမှာ မတ်တပ်ရပ်နေတဲ့
လက်ထောက်ဆရာကိုတောင် မော့ကြည့်မိတဲ့အထိပင်။" မင်းတို့လုပ်ရက် အရမ်းဆိုးရွားတယ် ဆိုတာကို သိရဲ့
လား ။ အဲ့ဒီကျောင်းသားလေးတွေ အခုဆေးရုံတင်ထား
ရတယ် သူတို့မိဘတွေကလဲ မကျေနပ်ကြဘူး အဲ့ဒီ
အတွက် မင်းတို့မှာ တာဝန်ရှိတယ် ဆေးရုံထိသွားပြီး
သွားတောင်းပန်ဖို့လုပ်ကြ မဟုတ်ရင် မင်းတို့မိဘတွေ
ဆီကို အကြောင်းကြားရလိမ့်မယ် "
![](https://img.wattpad.com/cover/203389644-288-k161242.jpg)