ဘေးပတ်ဝန်းကျင်မှာ စပ်စုနေတဲ့ ကျောင်းသား /သူ
တွေကလဲ သုံးယောက်လေးယောက်လောက် ရှိနေ
သည် ။ အဲ့ဒီစောက်ရေးမပါတဲ့ကောင်က ဂင်မင်ဆော့
ဆိုတဲ့စီနီယာသေးသေးရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲ
ဆုပ်ကိုင်လိုက်တာနဲ့ ခြေထောက်တွေက လီဗာဆွဲထား
ပြီး ဂီယာထိုးလိုက်တဲ့ ဆိုင်ကယ်တစင်းလို အရှိန်ပြင်း
ပြင်းပြေးထွက်တော့သည် ။ ရင်ဘတ်ထဲမှာ မီးဝုန်းဝုန်း
တောက်လွန်းလို့ အသက်ရှူသံတွေကအစ ကြောက်ခ
မန်းလိလိ ။ လက်သီးတင်းတင်းဆုပ်ထားတော့ တင်း
ရင်းထောင်ထွက်နေတဲ့ သွေးကြောတွေက လက်ဖျံတ
လျှောက် ။တခါလေးနမ်းမိရုံနဲ့ မင်းရည်းစား မဟုတ်ဘူးနော် လို့
ရယ်သံနှောပြီး လှမ်းအော်ပြောတဲ့ ဂျွန်ဆောင်းရဲ့စကား
ကို ကြားလိုက်ပေမဲ့ ခြေလှမ်းတွေက နောက်ပြန်မ
ဆုတ်တဲ့အပြင် လက်သီးတချက်က အဲ့ဒီခွေးသူတောင်း
စားရဲ့ မျက်နှာတည့်တည့် ပစ်ဝင်တော့လိုက်သည် ။" သူ့ကို မထိနဲ့ "
တဖက်လူက အိုဆယ်ဟွန်းရဲ့ လက်သီးပြင်းပြင်း တစ်
ချက်ကြောင့် ကာကွယ်ချိန်တောင်မရလိုက်ဘဲ ခြေတ
လှမ်းလောက် နောက်ဆုတ်သွားကာ ကိုယ်ဟန်ပျက်
သွားတော့သည် ။ သူ့ကို မထိနဲ့ ။ ဒေါသတွေ အပြည့်
နှင့် လာထိရင်မီးပွင့်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်း
တွေအပြည့်နှင့်၊ မင်ဆော့ရဲ့ လက်ကောက်ဝတ်ကိုဖမ်း
ဆွဲဆုပ်ကိုင်ပြီး သူ့နောက်ကို ဆွဲယူလိုက်တော့၏ ။"မင်းက ဘယ်သူလဲ ဘာကိစ္စ ဝင်ပါတာလဲ တောက်!"
သွေးထွက်လာတဲ့ နူတ်ခမ်းထောင့်စွန်းကို လက်ခုံနဲ့ဆွဲ
ပွတ်ကာ ကပ်ပါလာတဲ့သွေးစတွေကိုကြည့်ပြီး အဲ့ဒီလူ
က တောက်တချက် ခပ်ပြင်းပြင်းခေါက်သည် ။ မင်
ဆော့ရဲ့ရှေ့မှာ မားမားမတ်မတ် မတ်တပ်ရပ်နေတဲ့
အိုဆယ်ဟွန်းကိုမြင်တော့ မျက်မှောင်ကုတ်သွားသည်။"မင်းဖယ်ပေး မင်ဆော့ ကိုယ်တို့စကားပြောရအောင်"
ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကနေတဆင့် တ
ဆတ်ဆတ်တုန်ရီနေတာကို ဆယ်ဟွန်း ခံစားမိလာလေ
လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်မိလာလေပဲ။
ကြောက်နေရင် ကျုပ်နောက်မှာသာ အကာအကွယ်ယူ
ပြီး ရပ်နေပေးစမ်းပါ ။