အမှောင်ရိပ်ကျနေတဲ့ လမ်းကြိုလမ်းကြားတခုမှာ ရန်ပွဲ
တခုက အရိပ်ခိုပြီး သည်းကြီးမဲကြီး ဖြစ်ကောင်းနေ၏ ။
သုံးယောက် နဲ့ ငါးယောက် ဖြစ်နေပေမဲ့ သုံးယောက်တ
ဖွဲ့ဘက်က အသာစီးရနေသည်က အံ့သြစရာတော့ မရှိ
နေပါဘူး ။ တပါတ်မှာ တခါလောက် အမြဲတမ်းရန်ဖြစ်
လေ့ရှိတော့ သူတို့ရဲ့လက်ရည်တွေက တိုးတက်လာစ
မြဲပင် ။ ကြမ်းကြမ်းတမ်းတမ်း လက်သီးချက်တွေနဲ့ ခြေ
ကန်ချက်တွေက တဖက်ငါးယောက်အဖွဲ့အား လမ်းမ
ပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ အတုံးအရုန်း လဲကျနေကြ
၏ ။ အသာစီးကနေ အလဲအကွဲ ဦးအောင်ထိုးနှက်လိုက်
ပြီးနောက်ဒီကောင်လေးသုံးယောက်ဟာ မောပန်းသွားတဲ့
အသက်ရှူသံတွေနှင့် တယောက်မျက်နှာ တစ်ယောက်
ကြည့်ကာ ကျေနပ်မှုအပြည့်နဲ့ အော်ရယ်လိုက်ကြသည်။လမ်းမထက် လဲကျနေကာ ညည်းတွားသံပြုနေသေးတဲ့
ကောင်ကို ဝမ်းဗိုက်တည့်တည့် ခြေထောက်နဲ့ ကန်ပစ်
လိုက်တော့ အင့်ခနဲ အသံသာပြုနိုင်တော့သည် ။တယောက်တချက်စာစီ ခြေကန်ချက်ကျွေးပစ်လိုက်ကြ
ပြီး မလှမ်းမကမ်းက လမ်းဘေးပလက်ဖောင်းပေါ်မှာ
သုံးယောက်သား ဘေးချင်းကပ်ရပ် စီတန်းထိုင်လိုက်ကြ
သည် ။ ရန်ဖြစ်ပြီးပြန်တော့ မထွက်သွားကြသေးဘဲ
အတုံးအရုန်းလဲနေတဲ့သူတွေရဲ့ အနီးနားမှာ စိမ်ပြေန
ပြေထိုင်နေကြပြီး ဆေးလိပ်သောက်နေကြသည်က အံ့
သြစရာပင် ။ နီနီရဲရဲ စီးကရက်မီးတွေနှင့် မီးခိုးငွေ့တွေ
က တလွင့်လွင့်နှင့် မွှန်ထွန်လာတော့သည် ။" အား ရန်ဖြစ်လိုက်ရတာ ကောင်းလိုက်တာ စိတ်တွေ
က လွတ်လပ်ပေါ့ပါးပြီး နေရထိုင်ရကောင်းသွားတယ် "ဂျင်ဝူးက စီးကရက်ကို ပစ်ချကာ ဖိနပ်နဲ့နင်းခြေပစ်ပြီး
ကိုယ့်ကိုနောက်ယို့လိုက်ကာ လက်နှစ်ဖက်က မြေကြီးမှာ
ထောက်ထားသည် ။ ကောင်းကင်ကြီးကို မော့ကြည့်ပြီး
မြူးမြူးထူးထူး ပြောလိုက်တော့ ဘေးတဖက်တချက်စီ
က ရယ်သံသဲ့သဲ့တွေ ထွက်လာကြသည် ။" ဆယ်ဟွန်းရား ငါပြောတာဟုတ်တယ်မလား "
ဘယ်ဘက်က အိုဆယ်ဟွန်းကား အင်း လို့ အသံပြုလာ
သည် ။ ညာဘက်က ဂျွန်ဆောင်းကတော့ အသံတိတ်
ကာ စီးကရက်ကိုဖွာနေ၏ ။ တစ်နာရီလောက်နီးပါး ဒီ
နေရာမှာ ထိုင်နေခဲ့ပြီးနောက် အေးစိမ့်စိမ့် အချမ်းဒဏ်
ကြောင့် သူတို့တွေ ပြိုင်တူမတ်တပ်ထရပ်လိုက်ကြ၏ ။