ရှီးလင်းအထက်တန်းကျောင်းပထနှစ်အတန်းခွဲAအခန်းထဲတွင် ဆရာမနဲ့အတူကျောင်းသားသစ်တယောက်ဝင်လာကာ
" အားလုံးနားထောင် ကဲသား ကိုယ့်ကိုမိတ်ဆက်လိုက်"
"hi အကုန်လုံးတွေ့ရတာဝမ်းသာပါတယ် ငါက ရှောင်းကျန့်ပါ အတူတူကြိုးစားကျတာပေါ့"
အပြုံးချိုချိုနဲ့နှုတ်ဆက်ကာ ပြောလာသောသူ
"wow ချောတယ် "
"gegeက အရမ်းချောတယ် "
"ဒီမှာလာထိုင်ပါ"
"တိတ်ကျစမ်း သားရှောင်းကျန့် နောက်တန်းကလွတ်တဲ့ခုံဝင်ထိုင်လိုက်နော် ကဲကဲဖတ်စာအုပ်ထုတ်ထားကျ အိမ်စာတွေလည်းစစ်မှာနော်"
တယောက်တပေါက်ဆူညံနေတဲ့အခန်းတွင်ဆရာမ အသံကြောင့် အကုန်တိတ်ကုန်သွားတယ်
အနှီး အပြုံးနဲ့လူသားကတော့ ကျွန်တော့ဘေးကလွတ်တဲ့ခုံကိုဝင်ထိုင်တော့ ကျွန်တော် ဘုကြည့်ကြည့်မိသွားတယ်
"နိဟောင် ငါကရှောင်းကျန့် ကူညီပေးပါအုံး"
လက်ကမ်းပြီးပြောသောသူကိုကျွန်တော်တချက်ပဲကြည့်ကာ စာအုပ်ဆီအကြည့်ပြန်ပို့လိုက်တော့ သူကပြုံးကာ သူ့လက်နှစ်ဖက်ကို အချင်းချင်းပြန်နှုတ်ဆက်ကာ အရှက်ဖြေနေတာကြောင့် နောက်က ယွီးပင်နဲ့ကျိုးချန်မှာခွီးခနဲ့ ရယ်ကျတယ်
"ရယ်ရတယ်နော် ဟဲဟဲကျေးဇူးပဲ"
"ဟမ်း"
ယွီးပင်းတို့သူ့အပြောကြောင့်ကြောင်သွားတယ်ပြီးမှ
"မင်းကရှောင်းကျန့်နော် ငါက ယွီးပင်း သူကကျိုးချန် မင်းရဲ့ဘေးက ရိပေါ်တဲ့"
"ဟေ့ ယွီးပင်းမင်းကိုမိတ်ဆက်ခိုင်းလား "
"အပိုအလုပ်မလုပ်နဲ့"
ကျိုးချန်နဲ့ရိပေါ်အော်တော့
"ဟိုသုံးကောင် စလာပြန်ပြီလား ဒူးထောက်ပြန်ချင်ပြီလား"
"မလုပ်ရဲပါဘူး အလှလေးလီ အဲ့ဆရာမလီ"
ပြာပြာသလဲတောင်းပန်သောယွီးပင်း
"မင်းအက်လို မခေါ်နဲ့လို့ပြောထား .........အား......သွေးတက်လိုက်တာ တော်ပြီ အသံဆက်မထွက်လာနဲ့"
YOU ARE READING
If i meet you again (complete)
RomanceWang yibo : အကယ်လို့များ ထပ်ပြီးတွေ့ခဲ့ရင် မင်းဘယ်လိုနေမှာလဲ ငါသိပ်သိချင်တယ် Xaio Zhan : ငါထပ်ပြီးထွက်ပြေးဖို့ကြိုးစားနေမိမှာပဲ