ep12

3.1K 296 10
                                    

(ရှောင်းကျန့် side)

"သူလေ သူပေါ့ အရမ်းဆိုးတာတဲ့"

"ဟုတ်တယ်ငါကြားတာတော့ ဂိုဏ်းတွေထဲတောင်ဝင်တာဆို"

"အရင် မူးယစ်တွေတောင်ဖြန့်တယ်ဆို ကြောက်စရာကောင်းတာ"

"ကျောင်းသားငယ်ငယ်ဖြစ်ပြီး လုပ်ရဲတာ"

"ရိပေါ်ရဲ့အမ လည်း သူ့ကြောင့်သေတာဆို ကျွေးတဲ့လက်ပြန်ကိုက်တာ"

"ဟုတ်ပါ့ သူနဲ့ဝေးဝေးနေ တော်ကြာ ငါတို့ကိုပါ သတ်နေမယ်"

"ဟုတ်တယ်ဟုတ်တယ်"

ကိုယ့်ကို တည့်တည့်တမျိုး ခိုးပြီးတမျိုးကြည့်ကာ ပြောနေသောစကားများကိုအတိုင်းသားကြားနေရပေမဲ့ မကြားသလိုမျိုး မှောက်အိပ်နေလိုက်သည် ဟ ငါ့လုပ်မိတာ ကျောင်းသားအချင်းချင်း ဒီအတိုင်းအနိုင်ကျင့်ယုံပါ သူတို့အပြောမှာတော့ ငါဟာဘယ်လောက်တောင် ရစရာမရှိတော့တာလဲ ငါအရင်ကမှားခဲ့တာ ဆိုးပေခဲ့တာမှန်ပေမဲ့ အက်လောက်ထိမဟုတ်ဘူးလေ ငါပြုပြင်နေတယ် ငါပြောင်းလဲနေခဲ့တယ် ဒါပေမဲ့ ငါ့ကိုဘာလိုဒီကံဆိုးမှုတွေမကုန်ရသေးတာလဲ ပါးပါးလည်း ငါ့ကိုမလိုချင်လို့ ပစ်သွားတာကြောင့်မားတယောက် ဒုက္ခရောက်ရတယ် နောက်ဆုံးမားလည်း ငါ့ကို တယောက်တည်း ထားခဲ့ရပြန်တယ် အခုလည်း ငါ့ကို သိပ်ချစ်တဲ့ကျဲကျဲလည်းငါ့ကြောင့်သေသွားပြန်ပြီ ငါ့တယောက်ကြောင့် ငါ့ကြောင့်
ရှောင်းကျန့် မှောက်အိပ်နေရက်နဲ့မျက်ရည်တွေမဖိတ်ခေါ်ဘဲတသွင်သွင်ကျလာသည် ငါဘာတွေမှားခဲ့လဲ အခုတော့ငါ့တယောက်တည်းပဲဖြစ်ပြန်ပြီ ငါ့ကိုခင်ပါတယ်ဆိုတဲ့ ယွီပင်းနဲ့ကျိုးချန်တောင် ငါ့ကိုရှောင်နေပြီ ဝမ်ရိပေါ် ကလား နဂိုကတည်းက ငါ့ကိုမှသဘောမကျတာ ကျဲကျဲဈာပနာ နေ့ကသူ့ပြောတဲ့စကားကိုဘယ်တော့မှမမေ့ဘူး ပြီးတော့ သူပြောတာအရမ်းမှန်တယ်

ဈာပနာနေ့

"ရှောင်းကျန့် မင်းလာရဲသေးတယ်နော် "

"ငါ ကျဲကျဲကို နောက်ဆုံးအနေနဲ့ လာတွေ့တာပါ ငါ့အမှားမှန်းငါသိပါတယ် တောင်းပန်ပါတယ် ငါ့ကိုခွင့်ပြုပေးပါ ရိပေါ် ငါတောင်းဆိုပါတယ်"

If i meet you again (complete)Where stories live. Discover now