"ငါ မင်းတို့ကိုပြောစရာရှိတယ် ငါ့ဆီအမြန်လာခဲ့"
ဟုပြောကာ ဖုန်းချလိုက်တဲ့ရိပေါ်
"သူဘာဖြစ်ပြန်တာလဲ အသံကလည်းတုန်ယင်နေသလိုပဲ"
"မသိဘူးလေ တွေ့မှ သိရမှာပေါ့ ငါ့ကိုယ့်ကို ငါအရမ်းသနားတာပဲ ငါ့အိမ်တောင်ပြန်မရောက်သေးဘူးလေ အခု ခရီးဆက်ရအုံးမလားတဲ့"
"လဒ မင်းပဲ ပင်ပန်းသလိုနဲ့ ငါချည်းပဲမောင်းလာရတာပါနော် တလမ်းလုံး အိပ်လာတဲ့ကောင်ကပဲပြောရတယ်ရှိသေး"
"ဟာ ယွီးပင်ရာ ငါ ရှုတင်ရှိလို့ပါဟာ အိပ်ရေးမဝရင် မျက်လုံးဟောက်ပက်ဖြစ်နေမှာပေါ့ ငါရုပ်ချောချောလေး ကို"
" -ီး ကို ချောချော အရှက်မရှိတာ"
ဒါနဲ့ပဲ ယွီပင်းနဲ့ကျိုးချန် အိမ်တောင် မရောက်သေးပဲ ည ၁၀နာရီကြီး ရိပေါ်အိမ်သို့ ချီတက်ရပြန်သည် ရောက်တော့ အိမ်အကူအဒေါ်ကြီးက တံခါးဖွင့်ပေးလာသည်
"ရိပေါ် ရောဒေါ်ဒေါ်"
"သခင်းလေးက စာကြည့်ခန်းမှာ စောင့်နေတယ် မျက်နှာလည်းမကောင်းဘူး "
ကျိုးချန်တို့ စာကြည့်ခန်းထဲဝင်သွားတော့ ရိပေါ်က ထိုင်ခုံပေါ်ငြိမ်သက်စွာထိုင်ပြီး တစုံတရာကို စိုက်ကြည့်နေလေသည်
"မင်းဘာဖြစ်ရပြန်တာလဲဟေ့ရောင် "
"ငါ ဒီနေ့ သူ့ကို တွေ့လိုက်ရတယ် အစက ငါမျက်စိမှားတာထင်ပေမဲ့ သေချာပြန်တွေးတော့ မမှားဘူးထင်တာပဲ တကယ်တွေ့လိုက်ရတာ"
"ဘယ်သူလဲ?"
"သူ"
ရိပေါ်ကြည့်နေတဲ့ အရာက မှန်ဘောင်ထဲက ရှောင်းကျန့်ပုံပင်
"ဟင် !!!!"
"မင်းရှောင်းကျန့်ကိုတွေ့လိုက်တယ်ဟုတ်လား ဘယ်မလဲ ဘယ်တုန်းကလဲ ဘယ်အချိန်လဲ"
"ဖြေးဖြေးပြော ကျိုးချန် မင်းတံတွေးတွေငါ့လာစင်တယ်"
" ဆေးရုံမှာ ဒီနေ့ စာတမ်းဖတ်ပွဲတခုမှာ ဖြတ်ခနဲ့တွေ့ပေမဲ့သူသေချာပါတယ်"
ယွီပင်းနဲ့ကျိုးချန်တယောက်မျက်နှာတယောက်ကြည့်ကာ အသံတိတ် လှမ်းတိုင်ပင်လိုက်သည် မင်းပြောငါပြော ငြင်းရင်းနဲ့
YOU ARE READING
If i meet you again (complete)
RomanceWang yibo : အကယ်လို့များ ထပ်ပြီးတွေ့ခဲ့ရင် မင်းဘယ်လိုနေမှာလဲ ငါသိပ်သိချင်တယ် Xaio Zhan : ငါထပ်ပြီးထွက်ပြေးဖို့ကြိုးစားနေမိမှာပဲ