ep8

3K 260 6
                                    

လေဆိပ်တွင် ဝမ်းပန်တသာနဲ့ ဖက်ကျပျော်ရွှင်နေကျတဲ့ မိသားစုကိုရှောင်းကျန့်ကြည့်ရင်း အထီးကျန်သလိုခံစားနေရသည် ရိပေါ်ရဲ့အမက ရိပေါ်လိုပင် လှပပြီးနှစ်လိုဖွယ်အတိပင် ခြားနားသည်မှာ ရိပေါ်လို ထီမထင်မျက်နှာမ ဟုတ်ပဲ မျက်နှာတွင် အပြုံးဝေဝေနဲ့ ကြင်နာသနားတတ်သည့်ပုံပေါ်လွန်းသည်  အခုလည်းရှောင်းကျန့်ကို နှစ်လိုဖွယ်ပြုံးပြလျက်လက်ကမ်းလာသည်

"Hi ဒီက ရှောင်းကျန်တိတိ ထင်တယ် ကျဲက ဝမ်ရီးချင်းပါ  ကိုယ့်အမလိုသဘောထားပါနော်"

"ဟုတ်ကဲ့"

" ချစ်ဖို့ကောင်းတာ ယုန်ခလေးလေးကျနေတာပဲ မား သမီးတော့ မောင်လေးနောက်တယောက်ရပြီ "

" ငါတယောက်လုံးတောင်မလုံလောက်ဘူးလား ထပ်ရချင်နေ"

"ရိပေါ် နင်ဟာလေ စကားကို အကောင်းမပြောဘူး ရချင်တာပေါ့ နင့်လို မျက်နှာကြောပြတ်ရီးနဲ့မောင်ကို ပလစ်ချင်နေတာကြာပြီ ဒီက ကျန့်တိတိ ကမှချစ်ဖို့ကောင်း ဟုတ်တယ်မလားပါး"

"ဟုတ်ပါ့ဟုတိပါ့"

"ဟွန့် "

ရိပေါ်က သူမကိုမျက်စောင်းထိုးပြီး လေဆိပ်ကနေ ကော့တော့ကောတော့နဲ့ထွက်သွားတော့ ကျန်လူများက ရယ်ပြီး လိုက်လာကျရသည် ရှောင်းကျန့်ကတော့ မရယ်နိုင်ပေ မိမိကြောင့် ရိပေါ် စိတ်မညစ်စေချင်

ရိပေါ်တကယ်ပင်စိတ်ဆိုးမိသည် ဘယ်နှယ့် ကိုယ့်အမက စတယ်ပဲပြောပြော အက်တယောက်က တွေ့သမျှလူကို ချစ်စဖွယ်ရယ်ပြ ပြုံးပြနဲ့ ချူနေတာ တကယ်မကြိုက်ဘူး လူတွေက သူ့ကိုပဲကြည့်ပြီး ခရုစိုက်နေတာကိုလည်း မကြိုက်ဘူး သူ့နဲ့ပက်သက်တာမှန်သမျှဘာတခုမှမကြိုက်ဘူး ခက်တယ် ဘယ်အချိန်ထိ သူရှောင်းကျန့်နဲ့အတူတူနေရမှာလဲ

အိမ်ပြန်ရောက်သည့်အထိရိပေါ် အမဖြစ်သူကို စိတ်ကောက်မပြေ ဘာတခွန်းမှမပြောပဲ အခန်းထဲသို့ ချက်ချင်းဝင်သွားသည် နောက်ကနေ မားက လှမ်းအော်တာကို ဥပက္ခာပြုလျက်

"ဟဲ့သား ကိုယ့်အမကိုစိတ်ကောက်မနေနဲ့လေ"

"အော်ပြောရခက်တာ ဒါလေးစမိတာကို အရင်က အက်လိုမဟုတ်ပါဘူး အခုမှဘာလာဖြစ်နေတာပါလိမ့်"

If i meet you again (complete)Where stories live. Discover now