ep 17

3.3K 270 3
                                    

ရိပေါ် နဲ့ကျိုးချန် လျဲ့ဝူးရှင်း ဆိုင် ခပ်လှမ်းလှမ်းကနေ ကားရပ်ကာ ကြည့်နေသည်မှာ တနာရီနီပါးရှိပြီဖြစ်ကာ အခုထိ ဆိုင်ဖွင့်တဲ့အရိပ်အယောင် မရှိပေ ဘေးကနေကျိုးချန်ကနေ တလမ်းလုံးအိပ်လာပေမဲ့ မဝသေး အခုထိ ငိုက်နေတုန်းပင် ထိုအချိန် ဖွားဖွားက တံခါးကို ဖွင့်လိုက်တာ မြင်တော့ ကျိုးချန်ကိုနိုးလိုက်သည်

"ထ ထတော့ ကျိုးချန်ဆိုင်ဖွင့်နေပြီ "

"မင်းကလည်းကွာ ခနလောက်ပဲအိပ်ပါရစေ ခနပဲ"

"မရဘူးထ ငါတို့ သွားကြည့်ရအောင် ထစမ်းပါ"

ကျိုးချန်က ကိုင်လှုပ်နိုးနေတဲ့ရိပေါ်လက်ကို ပုတ်ချကာ ပျင်းရိစွာ ထလိုက်တော့

"ဖြစ်ပျက်နေတာ အခုမှဆိုင်ခင်းတုန်းကို မင်းက ဝင်စားမလို့လား ပြီးတော့ ငါတို့မနေ့ကပဲ လာသွားတယ် ပေကျင်းကိုပြန်မယ်လို့ သိထားတာကို အခုအစောရီးရောက်နေပြန်ရင် ဖွားတော့ ပြောတော့မှာ"

"ငါ ငါ အရမ်းတွေ့ချင်နေပြီ သူကရော ဒီမှာနေတာလား "

"ဖွားပြောတာတော့ လာလယ်တာတဲ့ ဒီမှာမနေလောက်ဘူး နေပါအုံးမင်းက ဘယ်လိုဖြစ်လို့ မီးကောက်ပေါက်လို စပ်စလူးလွန့်နေတာလဲ ငြိမ်ငြိမ်နေစမ်း ကြည့်ရတာ မျောက်မီးခဲကိုင်မိသလိုပဲ"

" ဟိုမှာ ပြီးပြီထင်တယ် လာသွားရအောင် မြန်မြန်"

" စိတ်ပိန်တာနော် "

ရိပေါ် စိတ်လှုပ်ရှားစွာဆိုင်ထဲကို ဝင်လာတော့ ဖွားက ပြုံးပြကာမေးလာတယ်

"ရိပေါ်လေး အစောရီးပါလား မနေတုန်းက မပါလာဘူးဆို "

"inn မနေ့ညက လာခဲ့တာ ဖွား ဖွားရဲ့လက်ရာကို လွမ်းလို့"

မုသားမပါ လကာင်္မချော ရိပေါ် နည်းနည်းပိစီလိမ်လိုက်သည်

"ဖြစ်ရမယ် ဟင်းအမယ်က မစုံသေးဘူး မြေးရဲ့ ဟင်ကျိုးချန် မြေးတို့ မနေ့က ပေကျင်းပြန်ပြီဆို "

"ဟီးး ပေါ်ကြီးက နှိပ်စက်ပြီး အဖော်ခေါ်လာတာ ဖွား သားဘဝက ဆိုးဝါးပါတယ်ဖွားရယ် အိမ်တောက်ပြန်မရောက်သေးဘူး သူများဆွဲရာ ပါလာရတာပဲ ဆိုးဝါးလွန်းတယ် ကျွန်တော်ကိုထမင်းကျွေးပါဖွား"

If i meet you again (complete)Where stories live. Discover now