46

49.1K 4.2K 141
                                    

"သား တကယ်​သက်​သာရဲ့လား အ​မေစိတ်​ပူလိုက်​တာ"

ဆိုဖာ​ပေါ်မှာ​အောက်​စီဂျင်​ပိုက်​နှင့်​ခက်​ခက်​ခဲခဲအသက်​ရှု​နေသည့်​သားကြီးအားစိုးရိမ်​တကြီး​​မေးမိသည်​။ရုတ်​ချည်းလဲကျသွားသည့်​သားဖြစ်​သူ​ကြောင့်​အပို​ဆောင်​ထားသည့်​​အောက်​စီဂျင်​ဗူးကိုအမြန်​ယူကာတပ်​​ပေးထားရသည်​။

"ရပါပြီ ဖြစ်​​နေကျဆို​တော့သိပ်​ပြီးမခံစားရ​တော့ပါဘူး"

အသက်​ရှူ မှန်​သွားသဖြင့်​​အောက်​စီဂျင်​ကိုဖြုတ်​လိုက်​သည်​။
တစ်​နာရီ​ကျော်​​လောက်​ကြာသွား​တော့allergic​ထတာအ​ရောင်​မှိန်​သွားပြီ။

"ဒါ​နဲ့ မာမီတို့ကိုလာကန်​​တော့တာ..မငိုနဲ့​တော့​လေ ​ပျော်​​ပျော်​​နေမယ်​ဆို"

အ​မေဖြစ်​သူငို​နေသဖြင့်​စိုင်းတိမ်​ယံလင်း​ချော့​မော့ရသည်​။

"သား​တော့ကန်​​တော့ဖို့ပစ္စည်းပါမလားဘူးပိုက်​ဆံနဲ့ဘဲကန်​​တော့မယ်​​"

စိုင်းညီယံလင်းဆို​တော့​ဒေါ်လင်းပြုံးလိုက်​ကာ..

"ကန်​​တော့ရုံတင်​ကို​ကျေနပ်​ပါတယ်​"

စိုင်းတိမ်​ယံလင်းနှင့်​စိုင်းညီယံလင်းနှစ်​​​ယောက်​လုံးဒူးတုတ်​ထိုင်​ကာလင်​ဗန်း​ပေါ်ပိုးထည်​နှင့်​တစ်​​ယောက်​ဆီblack cardနှစ်​ကဒ်​တင်​လိုက်​ကာကမ်းလိုက်​သည်​။ပြီး​တော့ဦးသုံးကြိမ်​​ချသည်​။

"ကျန်းမာပါ​စေကွယ်​ချမ်း​သာပါ​စေ တစ်​ဘဝလုံးစိတ်​ဆင်းရဲကင်းပြီးပျော်​ရွှင်​ကြပါ​စေ ကိုစိုင်းလင်းဆု​ပေးလိုက်​ဦး"

"ငါ့သားနှစ်​​ယောက်​လုံးအ​ဖေ့ရဲ့အတ္တ​တွေကိုခွင့်​လွှတ်​​ပေးပါလို့အရင်​​ပြောချင်​တယ်​သားတို့​ပျော်​ရာကိုသားတို့လုပ်​နိုင်​ကြပြီးအသက်​ရှည်​ရှည်​​နေရပါ​စေ"

"ဟုတ်​​ ​ပေးတဲ့ဆုနဲ့ပြည့်​ပါရ​စေ"

ဒါက​တော့စိုင်းတိမ်​ယံလင်းဆိုသည်​။ပြီး​တော့မာန်​ဝင့်​ဝင့်​အပြုံးကြီးနဲ့စိုင်းညီယံလင်းဘက်​လှည့်​ကာ

You're my everything(Zaw and Uni) (Completed)Where stories live. Discover now