Married Life 4

38.7K 2.9K 103
                                    

"​ဒီ​နေ့ ​ခြောက်​နာရီပြန်​လာရမယ်​လို့ ​ရောင်​​ရောင်​မှာပြီးပြီ​နော်​ အလုပ်​အတွက်​ခွင့်​​ပေးလို့​ရောင်​​ရောင်​ကချစ်​တယ်​"

နက်​စ်​တိုင်​ကိုတပ်​​ပေးရင်​minion​ကောင်​​လေး​တွေ၏အသံအတိုင်း​ပြော​တော့အူယားရတာကစိုင်းတိမ်​ယံလင်းပင်​။ပါး​လေးကိုဆွဲ​တော့ရယ်​ပြလာသည်​။

"ဘာမုန့်​ဝယ်​ခဲ့ရဦးမလဲ"

"နွားနို့​လေးဝယ်​​ပေး ဒီ​နေ့ကစပြီးငါအားရှိ​နေမှဖြစ်​မယ်
နေ့တိုင်း​နော်​ "

(သားသား​လေးအတွက်​)

နေလ​ရောင်​ကိုယ့်​အ​တွေးနဲ့ကိုယ်​ပြုံးလိုက်​သည်​။

"​နောက်​ထပ်​​ကော."

"ဟင့်​အင်း ရှိ​တော့ဘူး နွားနို့သာဝယ်​​ပြီး​ခြောက်​နာရီအ​ရောက်​ပြန်​လာခဲ့​နော်​."

"ဟုတ်​ပါပြီကွာ ချစ်​တယ်​ ဒါဆိုအလုပ်​သွားဦးမယ်​"

"အင်း တာ့တာ့ လိုက်​ပို့မယ်​"

"အ​ပေါ်ပြန်​တက်​ရမှာ​ညောင်းတယ်​ ​နေခဲ့ပါ အနမ်း​လေး​ပေးဦး"

ခြေဖျား​ထောက်​ကာ နှုတ်​ခမ်း​အားတစ်​ချက်​ဖိကပ်​လိုက်​သည်​။ဖျစ်​ညစ်​ခံရသည့်​ပါးပြင်​နှင့်​အတူချစ်ဖို့​ကောင်း​အောင်​​နေလ​ရောင်ရယ်​ပြလိုက်​သည်​။စိုင်းတိမ်​ယံလင်းအခန်းထဲကထွက်​သွားသည်​နှင့်​တံခါးကိုဂျက်​ချထားကာဗီရိုထဲမှာဖွက်​ထားသည့်​ပစ္စည်း​တွေကိုအပြင်​ကိုထုတ်​လိုက်​သည်​။ပထမဆုံးပြင်​ဆင်​တာကအိပ်​ရာခင်း။နဂိုရှိသည့်​အပြာ​ရောင်​ကိုဖယ်​လို​က်​ကာအချစ်​ရဲ့အ​ရောင်​တစ်​ခုအဖြစ်​သတ်​မှတ်​ထားသည့်​ပန်း​ရောင်​​။ထို့​နောက်​ပန်း​​ရောင်​​ကော်​​စောခင်းငယ်​တစ်​ခုအားခင်းပြီးပန်း​ရောင်​စားပွဲအားချထလိုက်​သည်​။ဒါကတိမ်​ယံနဲ့အတူဝိုင်​​သောက်​ဖို့။ပြတင်း​ပေါက်​မရှိသည့်​​နံရံအတွက်​အလှဆင်​ပန်း​ရောင်​ကြိုး​တွေနဲ့​ဘောလုံးပန်း​ရောင်​ကပ်​ရမည်​​ကြောင့်​ကုတင်​​ပေါ်ထိုင်​ကာအားရပါးရ​ဘောလုံးမှုတ်​​နေလိုက်​သည်​။တစ်​ဝက်​​လောက်​​ရောက်​လည်း​ရောက်​​ကော​နေလ​ရောင်​​မောလာ​လေပြီ။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now