16

46.4K 4.7K 29
                                    

နူးညံ့လှသည့်​​ ​မွေ့ရာ​ပေါ်ဝယ်​ အိပ်​စက်​​နေ​သော်​ငြားလည်း
ကြမ်းတမ်း​သော ​ကျောက်​ခဲ​တွေစီထား​သော အိပ်​ရာ​ပေါ်
အိပ်​​နေရသကဲ့သို့ ခံစားရသည်​။အိပ်​ရာ​ပေါ်၌ လှဲ​နေကာနဖူး​ပေါ်လက်​တင်​ပြီး မျက်​နှာကျက်​ကို​ငေးစိုက်​ကြည့်​ရင်းမိမိ၏စိတ်​မ​ကျေနပ်​မှုအချို့ကို​ ​လျော့ချ​နေရသည်​။

"ကျစ်​!"

စုတ်​တစ်​ချက်​အသံပြု၍ ဝုန်းခနဲထထိုင်​လိုက်​သည်​။ပြီး​နောက်​​ ဆံပင်​​တွေကြား လက်​​ချောင်းတို့ထည့်​၍ဖွကာ စိတ်​ရှုပ်​​ထွေးဟန်​ပြုသည်​။

"​နေလ​ရောင်​ ​နေလ​ရောင်​ ငါ့ကိုဒုက္ခ​ပေးတယ့်​​နေလ​ရောင်​"

မ​ကျေနပ်​ဟန်​ရွတ်​ပြီး​နောက်​​ ခုတင်​​ဘေးမှာ ထားထားသည့်​ စားပွဲပု​​ပေါ်၌ တင်​ထား​သော ​လ​ရောင်​ဆွဲ​ထား​သည့်​ပန်းချီကိုယူလိုက်​သည်​။ထို့​နောက် မှန်​​ဘောင်​မှာဘဲ ညှပ်​ထားသည့်​ ဓာတ်​ပုံအ​သေး​လေးအား ဖြုတ်​လိုက်​သည်​။

"မင်းကိုလွမ်းလွန်းလို့ဘယ်​လိုလုပ်​ရမလဲ​ ​နေလ​ရောင်
ငါတကယ်​ရူး​နေပြီထင်​တယ်​ ..."

သွားတက်​​လေး​ပေါ်​အောင်​ ပြုံး​နေသည့်​ပုံ​ကို ကြည့်​ရင်း​ရေရွတ်​မိသည်​။

"​နောက်​ထပ်​နှစ်​ရက်​များ​တောင်​မ​တွေ့ရဖို့ကျန်​​သေးတယ်​"

လေပူတို့ကို"ဟူး"ကနဲမှုတ်​ထုတ်​လိုက်​ရင်း​ ရှေ့ကနံရံသို့
စိုက်​ကြည့်​​နေလိုက်​​တော့သည်​။ တော်​ပါ​သေးသည်​ဟု
ဆိုရမည်​ မနက်​ကလို​​တော့​ ​ကျောက်​သင်​ပုန်း​ပေါ်မှာ ​နေလ​ရောင်​မျက်​နှာ​ တွေ့ရသလို နံရံမှာ မ​တွေ့ရ​ပေ။

"​မြေး.."

ရုတ်​တရက်​နံရံကို​ငေးကြည့်​​နေရာမှ အသံလာရာတံခါးဘက်​သို့ အကြည့်​​ဆောင်​ရသည်​။အဖိုးက တံခါးကို အသံမမြည်​​အောင်​ပိတ်​၍ ကိုယ်​နှင့်​ခပ်​လှမ်းလှမ်း ခုတင်​​ပေါ်မှာဝင်​ထိုင်​လိုက်​သည်​။

"မနက်​စာလည်းမစားဘူး၊​နေ့လည်​စာလည်းမစားဘူး၊ညစာလည်းမစားဘူးဆို ​မြေး​နေမ​ကောင်းဘူးလား"

You're my everything(Zaw and Uni) (Completed)Waar verhalen tot leven komen. Ontdek het nu