"ကျွန်တော်အကို့ကိုချစ်တယ်.ဒါကြောင့်သူ့ကိုဖြတ်လိုက်ပါ"
တစ်ဖြည်းဖြည်းနှင့်ဒီအခန်းတစ်ခုလုံးကြီးပူလာသလိုနေရန်ခံစားရသည်။ချစ်လို့တဲ့လား။လုပ်ရပ်တွေကိုရိပ်မိသော်ငြားဇေယျလိုမဖြစ်လောက်ပါဘူးဆိုတဲ့အတွေးနဲ့ညီတစ်ယောက်လိုထင်ခဲ့မိတာသူ့အမှားပေ။အခုတော့ အရာရာကနောက်ကျခဲ့ပြီ။
"မင်း ရူးနေလားစိုင်းညီယံလင်း."
"ဟင့်အင်း..ကျွန်တော်မရူးဘူးအကို ကျွန်တော်တကယ်
ပြောနေတာ.."အကို့ ရဲ့ ခပ်ရဲရဲမျက်နှာလေးတွင်ကိုယ့်ကိုရွံရှာစွာကြည့်နေသည့်မျက်လုံးအစုံကိုအထင်သားတွေ့ရသည်။ရတယ် ဒီလောက်အထိကသူခန့်မှန်းပြီးသားမို့ခံနိုင်ရည်ရှိတယ်။တစ်ခုဘဲ ထိုမိန်းကလေးကြိုဖတ်ပါ့မယ်ဆိုတဲ့စကားတစ်ခုဘဲ
ကြားချင်သည်။"မင်း..စိုင်းညီယံလင်း..ငါ့ကိုလွှတ် မင်းဒီလိုလူစားမှန်းအစကသိရင်မင်းနဲ့မပတ်သက်ဘူး."
"အကို.."
"ငါ့ကိုလွှတ်လို့ပြောနေတယ်!!!"
အော်လိုက်ခြင်းသည်သူ့အားကြောက်လန့်မှုမဖြစ်ချေဘဲစိတ်တိုမှုသာဖြစ်စေသည်။လက်မောင်းနှစ်ဖက်ကိုဆုတ်ကိုင်ထားသောလက်တို့ကတစ်ဖြည်းဖြည်းတင်းကျပ်လာသောအခါအသားတွေကနာလာသည်။
"မင်း..ဘာဖြစ်နေတာလဲစိုင်းညီယံလင်းငါ့ကိုလွှတ်ကွာ"
"နောက်ဆုံးတစ်ခေါက်မေးခြင်းဘဲ အကို သူ့ကိုဖြတ်မှာလားမဖြတ်ဘူးလား."
ထိုသို့မေးတော့စိုင်းညီယံလင်းအားစေ့စေ့ကြည့်ကာ..
"ငါမဖြတ်နိုင်ဘူး ဒီကိစ္စကမင်းနဲ့မသက်ဆိုင်တဲ့ကိစ္စ ပြီးတော့သူကငါ့ချစ်သူငါ့ရဲ့ဇနီးလောင်းဖြစ်လာမယ့်သူ ဒါကမင်းတားလို့မရတဲ့ကိစ္စဘဲ."
နေရန့်မျက်ဝန်းထဲကထိုမိန်းကလေးအပေါ်ထားသည့်ချစ်ခြင်းတို့ကိုမြင်ရသည့်အခါစိုင်းညီယံလင်း၏အရိုင်းစိတ်တွေပိုနိုးထလာသည်။
KAMU SEDANG MEMBACA
You're my everything(Zaw and Uni) (Completed)
RomansaI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥