47

48.9K 4K 158
                                    

"​ဟျောင့်​​ယောကျာ်း​ရပြီးမှ​ပေါ်မလာ​တော့ဘူး​နော်​မင်းလည်း
ငါတို့ကိုသတိမှရ​သေးရဲ့လား"

ရွဲ့​သောစကားနှင့်​အတူပြုံးစစနဲ့နိုင်​မင်းနှင့်​မိုးခဝင်​လာသည်​။

"ကြိုးစားလှချည်​လား​ဖေ့သား​လေး"

မိုးခက​ပြောင်​​တော့စိုင်းညီယံလင်းစားပွဲက​နေဘဲလက်​ခလယ်​​ထောင်​ပြလိုက်​သည်​။လုပ်​လက်​စအလုပ်​​တွေကိုခဏရပ်​လိုက်​ပြီးနိုင်​မင်းတို့ထိုင်​​နေသည့်​​နေရာကိုသွားကာဝင်​ထိုင်​လိုက်​သည်​။

"ကဲ ဆို​စေ​ကုမ္ပဏီထိ​တောင်​လာတဲ့ကိစ္စ"

"​အေး ငါတို့မင်းကွင်းမှာဘဲအချီကြီးရထားတယ်​ အင်္ဂလန်​သားတစ်​​ယောက်​ကွမင်းနဲ့ကားပြိုင်​ချင်​တာ ပြိုင်​​ကြေးက သိန်းငါးရာတဲ့ စိတ်​ဝင်​စားလား"

နိုင်​မင်းကလာရသည့်​အ​ကြောင်း​ပြောပြသည်​။

စိုင်းညီယံလင်းမျက်​ခုံးပင့်​မိသည်​။နည်းနည်း​နော​နောအ​ရေ​အတွက်​မဟုတ်​ပါ​လေဒီ​ငွေပမာဏက။

"ယုံရလား"

"ယုံလို့က​တော့ရတယ်​ ငါစုံစမ်းပြီးပြီးသား သူကနိုင်​ငံတိုင်းရဲ့အ​တော်​ဆုံးကား​မောင်းသမား​တွေနဲ့လိုက်​ပြိုင်​တဲ့ဝါသနာရှိတယ်​ရှုံးလဲပြသနာမရှာဘူး ညစ်​တဲ့အပိုင်း​တော့ရှိတာ​ပေါ့"

မိုးခကသူစုံစမ်းထားသည့်​အ​ကြောင်းကိုတစ်​လုံးမကျန်​​ပြောပြသည်​။ကားကွင်းကိုမ​ရောက်​တာ​တောင်​လချီ​​​တော့မည်​ဖြစ်​သဖြင့်​ကား​ပြိုင်​ချင်​သည့်​ပိုးကထလာသည်​။

"​အေး ငါလည်းဒီပိုက်​ဆံ​လောက်​နဲ့ဘာမှမဖြစ်​ဘူး ပြိုင်​မယ်​လို့​ပြောလိုက်​ ဒီ​နေ့ချိန်းလို့ရလား"

"သူကဘယ်​ချိန်​​နေ​နေရတယ်​"

"ဟုတ်​ပြီ မင်းတို့ငါ့ကားကိုပြင်​စရာရှိတာပြင်​ထားလိုက်​"

"Ok စိတ်​မပူနဲ့ မင်းသာလက်​ရည်​ကျမသွား​အောင်​ကျင့်​ထားဦး"

မိုးခက​ပြောသည်​။မိမိလက်​ရည်​အ​ကြောင်းမိမိသာသိသဖြင့်​ရယ်​သာ​နေလိုက်​ပြီးဘာမှဆက်​မ​ပြော​တော့​ပေ။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now