1500/528-1

7.1K 175 5
                                    

[Unicode]

" Yang Zi နင်မပြီးသေးဘူးလား "

" ပြီးပါပြီ wang လေးရဲ့ နင်ကလဲ ခဏလေး ဈေးဝယ်လိုက်ခဲ့ပေးရတာကို ဖြစ်ပျက်နေလိုက်တာ "

" ငါကဖြစ်နေတာမဟုတ်ဘူး ကျန့်ကောနဲ့ ချိန်းထားတာ နောက်ကျမှာစိုးလို့  ကျန့်ကော အကြောင်းလဲ နင်သိရဲ့သားနဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ ငါ ပိုက်ဆံသွားရှင်းလိုက်ဦးမယ် ဟွန့် "

" ငါကားပေါ်က စောင့်နေမယ် မြန် မြန်လုပ် "

Wang Yi Bo နဲ့ Yang Zi နဲ့က တစ်ဦးတည်းသော  ငယ်သူငယ်ချင်းတွေ. . . .တစ်ယောက်နဲ့တစ်ယောက်သိပ်အားကိုးပြီး တစ်ယောက်ကိုတစ်ယောက် သိပ်နားလည်ပေးတဲ့ သူငယ်ချင်းကောင်းတွေ. . . .

အနေအေးတဲ့ Wang Yi Bo ဟာ Yang Zi ကိုသိပ်ကို ခင်မင်တွယ်တာခဲ့တယ်

ဒါပမယ့် တစ်နေ့မှာ Wang Yi Bo ရဲ့ နှလုံးသားထဲကို Xiao Zhan ဆိုတဲ့ ကောကော တစ်ယောက်က ဝင်ရောက်လာခဲ့တယ်

အခုတော့ Wang Yi Bo ခင်မင်တွယ်တာတဲ့သူဟာ Yang Ziမဟုတ်တော့ပြီ

Yang Zi ကျလုဆဲဆဲ မျက်ရည်တွေကို လက်နဲ့ ဖိသုတ်လိုက်ပြီး ကောင်တာတွင် ပိုက်ဆံရှင်းကာ ခပ်မြန်မြန်ထွက်လာလိုက်သည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

coffee ဆိုင်တစ်ဆိုင်ရဲ့အထဲမှာတော့ Xiao Zhan ဆိုတဲ့ကောင်လေး တစ်ယောက် နာရီတကြည့်ကြည့်နဲ့ ရှိနေတယ်

ဆိုင်၏ အဝင်ခေါင်းလောင်းသံလေးမြည်လာတာကြောင့် ကြည့်လိုက်ရာ Wang Yi Boကရှိသမျှသွားများကို ဖြဲကာ မျက်နှာချိုသွေးနေတော့သည်

Xiao Zhan လည်း မသိချင်ယောင်ဆောင်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်

" ကျန့်ကော ဘာလို့ ဖုန်းဆက်တာ မကိုင်တာလဲဟင် "

" မင်းကို ချိန်းထားတာ ဘယ်အချိန်လဲ "

အခေါ်အဝေါ်တွေပြောင်းတာကို ကြည့်လို့ရှိရင်တော့ ကျန့်ကော စိတ်ဆိုးနေပေပြီ

" ကျန့်ကောကလည်း မောင့်ကို စိတ်မဆိုးပါနဲ့ ဟို. .  "

" Yang Zi ပဲမလား မင်းနဲ့အတူတူရှိနေတာ "

1500 < or > 528Место, где живут истории. Откройте их для себя