[Unicode]
၃လအကြာ ~ ~ ~
လက်ထပ်ပြီး Wang Yi Bo နှင့် Xiao Zhan တို့ အိမ်ထောင်ရေးသည် အလွန်သာယာလွန်းသည်
အိမ်ထောင်ဦးစီးအဖြစ်ခံယူထားသော Wang Yi Bo ကတော့ မိဘတွေကိုပေးထားတဲ့သူရဲ့ကတိအတိုင်း Wang Group မှာအလုပ်ဝင်နေသည်
Xiao Zhan ကတော့ ယခင်အချိန်ပိုင်းအလုပ်မှထွက်ပြီး အိမ်မှာသာနေပြီး အိမ်ထောင့်တာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်နေသည်
တစ်ပတ်နှစ်ခါလောက် အမြင်မကြည်သော ယောက်ခမအိမ်သွားလည်ရသည်မှာလည်း တာဝန်တစ်ခုလိုပင်. . . . .သူတို့၏အဖိုးတန် သား လေးကို ယူထားတော့လည်း သူတို့အမြင်မကြည်သမျှ ကျိတ်မှိတ်ခံရသည်မှာလည်း ယူပြီးသော ၃ လအတွင်းလက်ချိုးမရေနိုင်။
အခုလည်း ဝမ်အိမ်တော်မှာ ညစာချက်ပေးရင်း အလုပ်ကနေ အပြန်လာခေါ်မယ့်သူကို စောင့်နေရသည်
" အေးအေး Wang လေး သွားကြိုလိုက်အုံးနော် အိမ်ကိုတန်းပြန်ခဲ့ "
" . . . . . . . . . "
" ရှိတယ် မင်း ယောင်္ကျား ညစာချက်နေတယ် သွားကြိုလိုက်ပါ စောင့်နေရှာတော့မယ် ဒါပဲ ဒါပဲ "
ဝမ်မားမားက ဝမ်ရီပေါ်နဲ့ ဖုန်းပြောနေဟန်ရှိသည်. . . . . သူ့ကိုလည်း သတိတရမေးသော သူကြောင့် ကျေကျေနပ်နပ်ကြီးကိုပြုံးလိုက်သည် လက်ထပ်ပြီးတာတောင် Wang Yi Bo.ရဲ့အပြုအမူအပြောအဆိုတွေကို သူရင်ခုန်နေတုန်းပဲ
" Xiao Zhan "
" ဗျာ မား "
ဖုန်းပြောပြီးမီးဖိုခန်းထဲဝင်လာသော ဝမ်မားမား
" ဟင်းတွေကျက်ပြီလား "
" အဲ ကျက်တော့မယ် မား Yi Bo ကပြန်လာပြီလား "
" အေး လေဆိပ်မှာ သူ့သူငယ်ချင်း Yang zi ကို သွားကြိုပြီးလာလိမ့်မယ် "
ဝမ်မားမားကတော့ ဟင်းအိုးကို ဟိုလှန်ဒီလှန်နဲ့ထွက်သွားသည်
Xiao Zhan ကတော့ ဘာမှစိတ်ထဲမထားတော့ပေ. . . . .မားနဲ့ပါး အမြင်ကြည်အောင် အကောင်းဆုံးနေပြမယ်လို့ ဆုံးဖြတ်ပြီးသား Yi Bo ကိုလည်း စိတ်မရှုပ်စေချင်တော့
YOU ARE READING
1500 < or > 528
Fanfiction[Both Unicode and Zawgyi] Started from 2019 November 25 1500 အချစ်ကပဲပိုပြီး လေးနက်နေမလား 528 အချစ်ကပဲပိုပြီး ခိုင်မြဲနေမလား ချစ်တဲ့သူနဲ့ ငယ်သူငယ်ချင်း တစ်ခုကိုသာ ရွေးချယ်လာရချိန်မှာ 1500 ကပဲ အနိုင်ယူသွားမလား 528 ကပဲ အနိုင်ရသွားမလာ...