[Unicode]
" မား "
Wang Yi Bo မားရဲ့အခန်းထဲကိုဝင်သွားတော့ မားက ဝမ်းနည်းပြီးငိုနေသည်။Yang zi ကတော့ ဘေးကနေ မားကို နှစ်သိမ့်ပေးနေသည်
မားငိုနေတာ မြင်တော့လည်း ရီပေါ်စိတ်မကောင်း။ အဲ့လောက်ထိမား ခံစားသွားရလိမ့်မယ်လို့လည်း မထင်ခဲ့ဘူးလေ
" ဘာလဲ ထွက်သွား နင့်ယောက်ျားဘက်က ကာပြီးငါ့ကို ပြန်ပြောဦးမလို့လား သွား ငါနင့်ကို မမြင်ချင်ဘူး "
ကျန့်ကောနဲ့မားနဲ့ အဆင်မပြေတာကို ရီပေါ်အစကတည်းက သိပမယ့် အဲ့လောက်ထိ ဆတ်ဆတ်ထိမခံဖြစ်နေမည်ဟုတော့ မထင်ခဲ့။
" Yang zi ခဏလောက် ရှောင်ပေးလို့ရမလား "
Yang zi ကခေါင်းငြိမ့်ပြပြီး ရှောင်ထွက်ဖို့ ပြင်ပမယ့် ဝမ်မားမားကပြန်ဆွဲထားသည်
" မင်းသာ ထွက်သွား "
ရီပေါ် မားထိုင်နေတဲ့ ခုံဘေးကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဝမ်မားမားရဲ့လက်ကိုကိုင်ကာ ပယ်ပယ်နယ်နယ်ချော့ဖို့ပြင်တော့သည်
" မား သားကလေ မားကို ချစ်ပါတယ် သားကိုစိတ်မဆိုးပါနဲ့ "
" . . . . . . . . . . . . . . "
" မားက သားကို မချစ်တော့ဘူးလားဟင် "
Yang zi ပြုံးလိုက်မိသည်။ Wang Yi Boကငယ်ငယ်ကအတိုင်းပင် ဝမ်မားမားရဲ့ အညှာကိုသိသည်။ ဘယ်သူမှလည်း ဝမ်ရီပေါ်ကိုစိတ်မဆိုးရဲ။ ဝမ်ရီပေါ်ချော့ရင်လည်း ဘယ်သူမှစိတ်မပြေလို့မရ။
ဝမ်မားမားကတော့ အနှေးနဲ့အမြန်စိတ်ပြေတော့မှာဟု Yang zi သိသည်
" ကောင်စုတ်လေး ခုနကျဒီအသံလား "
" မားကလည်း သားနောက်မပြောတော့ပါဘူးနော် စိတ်မဆိုးပါနဲ့တော့ "
ဝမ်ရီပေါ်က မားရဲ့ရင်ခွင်ထဲကိုခေါင်းအတင်းတိုးဝင်ကာ ချွဲလေတော့သည်။ဝမ်မားမားကတော့ အရည်ပျော်ကျသွားဟန်ရှိသည်။ ဝမ်ရီပေါ်ရဲ့ခေါင်းလေးကို ဖွဖွပွတ်ပေးနေပြန်သည်
" မားက သားကိုချစ်ပါတယ် "
Yang zi သူ့ရှေ့ကသားအမိနှစ်ယောက်ကိုကြည့်ရင်း ကြည်နူးနေမိသည်။ ထိုကဲ့သို့သော မိသားစုဘဝမျိုးသူမ ပိုင်ဆိုင်ချင်မိသည်
YOU ARE READING
1500 < or > 528
Fanfiction[Both Unicode and Zawgyi] Started from 2019 November 25 1500 အချစ်ကပဲပိုပြီး လေးနက်နေမလား 528 အချစ်ကပဲပိုပြီး ခိုင်မြဲနေမလား ချစ်တဲ့သူနဲ့ ငယ်သူငယ်ချင်း တစ်ခုကိုသာ ရွေးချယ်လာရချိန်မှာ 1500 ကပဲ အနိုင်ယူသွားမလား 528 ကပဲ အနိုင်ရသွားမလာ...