[Unicode]
" ကျန့်ကော~ "
" မောင် ဒီအချိန်ကြီး အလုပ်ကပြန်လာတာလား "
လေးနာရီပဲရှိသေးပြီး ပြန်လာသော Yi Bo ကြောင့် Xiao Zhan မေးလိုက်သည်။
" ဟုတ်တယ် ကျန့်ကော ယွမ်လုပ်ငန်းစုက dinner party ဖိတ်ထားလို့ "
" ဟင်! ချက်ချင်းကြီး "
" နောက်မှမေးပါ ကျန့်ကောရယ် မောင့်ကို အဝတ်အစားထုတ်ပေးထား မွ~ "
ပါးလေးကိုနမ်းကာ ရေချိုးခန်းထဲဝင်သွားသော Wang Yi Bo
Xiao Zhan လည်း အဝတ်အစားထုတ်ပေးပြီး လော့မချထားသော ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။" တစ်ယောက်တည်းလား ဘယ်သူနဲ့သွားမှာလဲ မောင် "
ဆပ်ပြာဗူးကို ကမ်းပေးရင်း မေးလိုက်သည်။ ဘာကြောင့်မှန်းမသိပမယ့်သူနဲ့သွားမယ့်သူကို တော်တော်သိချင်မိသည်။
" Yang zi နဲ့လေ ကျန့်ကောရေစိုကုန်မယ် အပြင်သွားနေလေ "
Xiao Zhan အပြင်ထွက်နေလိုက်ရသော်လည်း အတွေးပေါင်းစုံဝင်မိသည်။dinner party ဆိုတော့ အသောက်အစားတွေကပါအုံးမှာပဲ။ Yang zi နဲ့နှစ်ယောက်တည်းသွားမှာဆိုတော့ ရှောင်ကျန့်တကယ် စိတ်မချ။
ကိုယ့်ယောက်ျားကို စိတ်ချသော်လည်း အားနာပမယ့် ဟိုဘက်မိန်းကလေးကို စိတ်မချ။
" ကျန့်ကော ဘာတွေတွေးနေတာလဲ မောင့်အဝတ်အစားရော "
" မောင် ငါလည်းလိုက်ချင်တယ် "
Wang Yi Bo အံ့ဩသွားတာတော့အမှန်။ Xiao Zhan က လူအများကြီးနဲ့ party ပွဲတွေကိုဆို သိပ်မကြိုက်ဘူး။ ပြီးတော့ သူခေါ်တိုင်းလည်း အမြဲတမ်းငြင်းနေကျ။ ဒီနေ့မှ ဘာစိတ်ကူးပေါက်လဲ မသိဘူး။
" အင်း လိုက်ချင်ရင်လိုက်ခဲ့လေ မောင့်စကားတော့ နားထောင်ရမှာနော် လျှောက်မဆော့ရဘူး "
" Wang Yi Bo ခွေးလေး လျှောက်ဆော့ရအောင် ငါက ကလေးလား "
" ကျန့်ကော လူကြားထဲမှာ မောင့်ကို ခွေးလေးလို့မခေါ်နဲ့နော် တော်ကြာ ကို့အိမ်ထောင်ဦးစီးကို မလေးစား အ ..အ..နာတယ် ကျန့်ကော လွှတ် "
STAI LEGGENDO
1500 < or > 528
Fanfiction[Both Unicode and Zawgyi] Started from 2019 November 25 1500 အချစ်ကပဲပိုပြီး လေးနက်နေမလား 528 အချစ်ကပဲပိုပြီး ခိုင်မြဲနေမလား ချစ်တဲ့သူနဲ့ ငယ်သူငယ်ချင်း တစ်ခုကိုသာ ရွေးချယ်လာရချိန်မှာ 1500 ကပဲ အနိုင်ယူသွားမလား 528 ကပဲ အနိုင်ရသွားမလာ...