1500/528-3

2.2K 126 4
                                    

[unicode]

ဒီနေ့ကတော့ လူသားနှစ်ဦးပေါင်းစည်းတဲ့နေ့လေး . . . . . . .

Wang Yi Bo အတွက်တော့မသိပမယ့် Xiao Zhan အတွက်တော့ အပျော်ရွှင်ဆုံးနေ့လေးပင်

နောက်ဆုံးတော့ အရုပ်ကလေးတစ် ရုပ်လိုဖွက်ထားချင်ခဲ့တဲ့ ထိုလူသားလေးဟာ သူ့ရဲ့အပိုင်ဖြစ်လာခဲ့ပြီ

အနောက်တိုင်းအမျိုးသားဝတ်စုံအဖြူလေးကို အနောက်က ပုဝါအကြည်လေး ဖြန့်ချထားပြီးလှချင်တိုင်းလှရက်လွန်းနေသော သတို့သားလေး Xiao Zhan

" ကျန့်ကော~~ "

Wang Yi Bo တစ်ယောက်တံခါးအသာလေး ဖွင့်ပြီးဝင်လာသည်

Wang Yi Bo ကတော့ Xiao Zhan လိုအဖြူလေးမဟုတ်ဘဲ အနက်ရောင်အနောက်တိုင်း ဝတ်စုံသေသေသပ်သပ်လေးနဲ့မို့ Xiao Zhan နှာခေါင်းရှုပ်မိသည်. . . . . သူ့ကျတော့ အဖြူရောင်ကိုမှအနောက်ကတွဲလောင်းကြီးကပါသေးတယ် ဟိုခွေးလေးကျတော့ စတိုင်လ်ကြီးပလိုင်ကြီးနဲ့

" Wow....မောင့်ရဲ့ကျန့်ကောလေးက လှလိုက်တာ "

". . . . . . . . . . . . "

" အမလေးတော် အဲ့ဒါကျုပ်လှအောင်ပြင်ပေးထားလို့ပါနော် "

Xiao Zhan ကစကားပြန်မပြောတော့ ဘေးနားက မိတ်ကပ်ဆရာမက ဝင်ပြောလာသည်. . . . ကိုယ်ကလည်းကိုယ် ခေါင်းကလည်းခေါင်းပါပဲလေ. . . . မနေ့ကကျန့်ကောကိုမေ့ပြီး ဟို YangZi မနဲ့ပြိုင်သောက်ရင်း အိပ်ပျော်သွားတာ. . . . . မနက်မိုးမလင်းခင်ထဲကချော့နေရတာတော့ အခုထက်ထိပဲ

" နဂိုရှိမှ နကိုင်းထွက်တာပါနော် ကျန့်ကောက အရင်တုန်းကတည်းက နတ်သားလေးလို ချောလွန်းလို့ အခုလိုလှလာတာ ရုပ်ဆိုးဆိုးတွေကိုသွားပြင်ကြည့်ပါလား ရူးတောင်သွားအုံးမယ် "

" တော်တော့ ခွေးလေး "

မိတ်ကပ်ဆရာမကြီးက Wang Yi Bo ကိုပိုရန်ကော ဟူသောအကြည့်ဖြင့် ကြည့်သော်လည်း Wang Yi Bo မှာဂရုမစိုက်နိုင်။ သူ့ကျန့်ကော စကားပြန်ပြောပြီလေ ဘယ်သူ့ဂရုစိုက်ရမှာလဲ

" ကျန့်ကော နော် ခွေးလေးလို့ခေါ်တာ နောက်တစ်နာရီလောက်ထိပဲရတော့မှာနော် Yes I Do ပြောပြီးသွားရင် ကျန့်ကော ငရဲကြီးပြီ "

1500 < or > 528Dove le storie prendono vita. Scoprilo ora