Unicode
"နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ"
အဝါရောင်အဆင့်ရှိမုန်တိုင်းတစ်ခုကိုရီးယားနိုင်ငံဆိုးလ်မြို့ကို ဦးတည်တိုက်ခတ်ပြီးနောက်တစ်နေ့မှာ Park စံအိမ်ရဲ့ အထက်တန်းလွှာနဲ့ သာမာန်လူတန်းစား ကိုယ်ဝန်သည်အမျိုးသမီးနှစ်ယောက်စလုံး မီးဖွားဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။
၁၉၉၂ခုနှစ် ၊ ၁၁လပိုင်း ၊ ၂၇ရက်နေ့ ။
ည၁၁နာရီအတိမှာပဲ တစ်ချိန်ထဲတစ်နေရာထဲမှာ သားယောက်ျားလေးနှစ်ဦးဖွားမြင်ခဲ့လေရဲ့။
ထူးထူးခြားခြား လကြတ်နေတဲ့အချိန်မှာဖြစ်တယ်။မွေးဖွားလာတဲ့ကလေးတွေရဲ့ရုပ်ရည်က တစ်ထပ်ထဲတူနေခဲ့လို့ ပြသနာတွေကြီးကြီးမားမားတက်ခဲ့ရတယ်။ DNA ဆေးစစ်ချက်ထွက်ပီးနောက်မှပဲ သွေးမတူသားမစပ်တဲ့အဖြစ်ကိုလက်ခံလိုက်ရလေရဲ့။
ဒီကလေးနှစ်ယောက်က အသက်စရှူတဲ့အချိန်မှာပဲ Park အိမ်တော်ကို ပြသနာတွေသယ်လာခဲ့ကြတာဖြစ်တယ်။
အထက်တန်းလွှာက ရတနာလေးကပိုပြီးဆ်ိုးတယ်။ သူက ဘယ်ဘက်မျက်လုံးမှာ မျက်စံအဖြူရောင်နဲ့မွေးဖွားလာခဲ့သည်တဲ့လေ။
အဖြစ်အပျက်တွေကတဆင့် တုန်လှုပ်မှုတွေခံစားလာရတဲ့အခါမှာ ပတ်သခင်မက ဘူဆန်မှာရှိတဲ့နတ်ဆရာမတစ်ဦးထံသွားဖို့စီစဥ်တော့တယ်။
နတ်ဆရာမ အင်ချွဲဆူ၏နေအိမ်. . .။
မျက်စိရှေ့ရှိ အနှီးထုတ်ကလေးနှစ်ခုထဲက အဆင်းသဏ္ဍာန်တူနေတဲ့ကလေးနှစ်ယောက်ကိုကြည့်ပီး နတ်ဆရာကရဲ့မျက်လုံးတွေကစူးစူးရဲရဲဖြစ်လာသည်။
"ကြီးမားတဲ့သံယောဇဥ်တွေပဲ. . တစ်ယောက်ကအရာရာကိုစွန့်ပစ်ခဲ့ပီးထွက်လာတယ် နောက်တစ်ယောက်ကအတ္တတွေပါသယ်လာခဲ့တယ်. . ."
"ရှင်?"
"နဂါးရဲ့သားတော်တွေဖြစ်တယ်"(နဂါးရဲ့သားတော်တွေဆိုတာ ဒိီနေရာမှာမြင့်မြတ်တဲ့နေရာကဆင်းသက်လာသူတွေကိုဆိုလိုတာဖြစ်သည်။ ဥပမာ - နတ်ဘုရား၊ ဘုရင် )
"အဲ့တော့ဘာဆက်ဖြစ်မှာလဲ"
ပတ်သခင်မရဲ့မေးသံကတုန်ရီလို့နေတယ်။

YOU ARE READING
E S C A PE [Complete]
FanfictionZawgyi "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ" Unicode "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ"