*ဇာတ်ကောင်နှစ်ဦးဖြင့်သာ
စိတ်ကူးယဉ် ဖန်တီးသည်။*တက္ကသိုလ်ကျောင်းထဲကို တစ်ယောက်တည်း
မရဲတရဲ ဖြင့် ခြေချမိသည်။
ဆိုင်ကယ် stand ရဲ့ 
လွတ်နေတဲ့ နေရာ မှာ
ကျတော့်ရဲ့  scoopy ဆိုင်ကယ်
အမည်းရောင်လေးကို ထိုးလိုက်သည်။
ပြီးနောက် ဇာတ်သော့ခတ်ကာ
ကျတော် ယူထားတဲ့ major ရဲ့ 
ဌာန ဆီသို့  ဦးတည်လာခဲ့သည်။
အချိန်အားဖြင့် (၉)နာရီလောက်ရှိမည်ထင်။
နေထွက်နေသော်လည်း ဆောင်းရာသီမို့ 
အအေး မပျက်ပေ။
ပထမဦးဆုံး တက္ကသိုလ်စတက်သောနေ့ ။"ဟူး.."
ကျတော် စိတ်ကို ဖြေလျှော့ကာ သွားရင်း
ရောင်လည်လည်ဖြင့် ဌာနရှေ့ ရောက်သွားသည်။"ဟဲလို..အေး..ဘယ်မှာလဲ
မလာသေးဘူးလား.."တစ်ဖက်တွင်~~
"အေး မြတ်မှူး.. ငါထွက်လာနေပြီ
ကျောင်းရောက်ဖို့ တော့ လိုသေးတယ်ဟ..
အတန်းထဲ ၀င်ထိုင်နှင့်လေ..""အာ!!..ငါတစ်ယောက်တည်း..
မထိုင်ရဲပါဘူး..""..ရော်...ခက်ပြီ..မြတ်မှူးရယ်
ဘာမှ မဖြစ်ပါဘူး..၀င်ထိုင်နှင့်ပါ..
ငါလာနေပါပြီဆို...""ငါ...ငါ..ကြောက်တယ်ဟ..."
"အလိုလေးနော်...
ကြောက်ရအောင် အတန်းထဲကလူတွေက
ကိုက်မစားပါဘူး..၀င်ထိုင်မှာသာထိုင်နှင့် ..
ငါ ဆိုင်ကယ် မောင်း နေလို့ 
ဖုန်းချလိုက်ပြီ~~ဒါဘဲ..""တွီ..!"
"အာ..ဖုန်းချသွားပြီ..ကျစ်!.."
မထူးပါဘူးလေ..
ရောက်မှတော့ အတန်းထဲဝင်ထိုင်ရမှာပေါ့အခန်းကို ကျောင်း မတက်ရခင်ကတည်းက
စုံစမ်းထားလို့ တော်သေးသည်။
မဟုတ်ရင် တစ်ယောက်တည်း
ပိုယောင်လည်လည် ဖြစ်ဦး မှာ။မြတ်မှူး အခန်းထဲဝင်လိုက်ပြီး
ဝေ့၀ဲကြည့်တော့ အလယ်roleရဲ့ 
နောက်ဆုံးခုံလွတ်နေ၍ ၀င်ထိုင်လိုက်သည်။
အတန်းထဲ ထိုင်နေသူ လူအများစု
မှာ ဖုန်းကိုသာ စိတ်ဝင်တစား သုံးနေကြပြီး
တချို့ သိတဲ့သူ အချင်းချင်းက
စကားစမြည် ပြောနေကြတော့
စကားသံတွေရော ဖုန်းသုံးတဲ့ အသံတွေပါ
အတန်းထဲ ဆူလို့ ညံလို့ ။
သူ့ အာရုံနဲ့  သူဆိုတော့
မြတ်မှူး ကိုလည်း ဘယ်သူမှ
သတိမမူကြတော့ စိတ်တော့ သက်သာရသည်။
ရုတ်တရက်
မြတ်မှူး ဆူညံမှုတွေကြားထဲမှ
အေးချမ်း မှု တစကို ဖြတ်ကနဲ
ခံစားလိုက်မိသည်။
မြတ်မှူး သေချာပြန်ကြည့်လိုက်တော့
အဲ့ဒါက...
လူတစ်ယောက် ပြုံးရယ်နေခြင်းဖြစ်သည်။
YOU ARE READING
ဟန်(ကျွန်တော့်ရဲ့ ဟန်)
Romanceပြန်လည်ပြီးတော့ကြိုဆိုပါတယ်ခင်ဗျ။ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တက္ကသိုလ်က ကျောင်းficကလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ အပိုင်းကသိပ်မရှည်ပါဘူးဗျ။ ဇာတ်လမ်းအကြောင်းအရာလေးတွေကိုတော့ မပြောတော့ပါဘူး။ ဆိုတော့..ficကိုသာဖတ်ပေးကြပါလို့  ...