အပိုင်း(၃)
19 1 0
ဒီ​နေ့  အတန်းချိန်​က
(၁၀)နာရီ တစ်​ချိန်​ဘဲ ရှိလို့ 
မြတ်​မှူးဟန်​ ​ကျောင်း​ရောက်​​တော့
အချမ်း​တောင်​ ​ပေါ့​နေပြီ။
သို့ ​သော်​ ​ဆောင်းရာသီမှာတိုက်​​တဲ့​လေက
အသား​ခြောက်​​စေ​သော​ကြောင့်
အ​ပေါ် ထပ်​၀တ်​လာတဲ့ 
hoodie အ၀ါနု​ရောင်​​လေးကို မချွတ်​မိ။
လမ်းမှာ ဟိုမသာသူငယ်​ချင်းက
သူတို့ အိမ်​က ဆိုင်​ကယ်​မအားလို့ ဆို၍
ဝင်​​ခေါ်ခဲ့ရ​သေးသည်​။
ဆိုင်​ကယ်​ ​ရှေ့ က ​မောင်းလာရ၍
မြတ်​မှူး လက်​​ချောင်း ထိပ်​​လေး​တွေက
နီရဲပြီး ယား​နေ၍ လက်​နှစ်​ဖက်​ကို
ပွတ်​​နေရသည်​။
Main လမ်းတစ်​​လျှောက်​မှာ​တော့
ဘယ်​အချိန်​​နေ​နေ လူသွားလူလာ မပြတ်​​ပေ။
မြတ်​မှူး တို့  ဌာန ဆီ
လျှောက်​လာကြရင်း
မသာက ​စော​စောစီးစီး ကျက်​သ​ရေတုန်းတဲ့
စကားကို စ​ပြောပါ​တော့သည်​။
"မြတ်​မှူး.. မင်းကြားပြီးပြီလား..
ဟန်​​သော်​ဇင်​ဦး အ​ကြောင်း​လေ.."
ဟန့်​ အ​ကြောင်းဆို​တော့
ကျောမှာ ချက်​ချင်းဆန့်တက်​သွား၍
မှေးစင်း​နေ​သော မျက်​လုံးတို့ က
အလိုလို ပြူးထွက်​လာသည်​။
အရပ်​ရှည်​၍ ခါးမှာ အစကတည်းက
ကော့​သော်​လည်း ပို့ လိုပင်​ ဆန့်ထွက်​လာသည်​၊
"ဟမ်​...ငါ့ ဟန်​က ဘာဖြစ်​​လို့ လဲ.."
စကားဆုံး ဆုံးခြင်း မြတ်​မှူးဟန်​ ချက်​ချင်း
ပြန်​​မေးမိသည်​။
"အမယ်​​လေး ..မင်းမှာလဲ​ရောဂါဘဲ..
ဟန်​​သော်​ဇင်​ဦး လို့ ​ပြောကာရှိ​သေး
ပျာယာ​တွေကိုခပ်​လို့ .."
"ကဲ..မရှည်​ပါနဲ့ ..​ပြောမှာသာ​ပြောစမ်းပါ..
ငါ့ ဟန်​ က ဘာဖြစ်​လို့လဲ.. "
" မင်း ဟန်​​လေ ငါတို့  major ကဘဲ..
Final က အမကြီးနဲ့  ဘာညာဘာညာဆိုပြီး
သတင်း​တွေ ထွက်​​နေတယ်​.."
"အမ်​..ဟုတ်​လို့ လား.."
"ဟုတ်​တယ်​ဟ..မင်းမှတ်​မိလား..
ဟို​နေ့ က welcome အတွက်
ပိုက်​ဆံ​ကောက်​ဖို့  ဟန်​​သော်​ဇင်​ဦး ကို
ဆရာမ​ခေါ်သွားတာ​လေ.."
"​အေး..သိတယ်​​လေ.."
"အဲ့ဒီမှာ ဇာတ်​လမ်းက စတာဘဲ..
ငါတို့  first year က ​ယောက်​ကျား​လေး
တစ်​​ယောက်​မိန်းက​လေးတစ်​​ယောက်​​ခေါ်သလို
Second' third' fourth '​တွေလဲ အဲ့လိုဘဲ ​ခေါ်တာ။
အဲ့မှာ သူတို့ ​တွေ ​နေ့ လည်​ကျ canteen
ထိုင်​ဖြစ်​ကြပြီး မင်းရဲ့ ဟန်​နဲ့  ဟို အမကြီးကို
ဘာညာဘာညာဆိုပြီး ​ဘေးကလူ​တွေက စကြသတဲ့..
နှစ်​​ယောက်​လုံးကလည်း ပြုံးဖြီးဖြီးလုပ်​​နေကြတာတဲ့.."